ငဖဲ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင်
အရန်သားဖွာသင်တန်း အမှတ်စဉ်(၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနာကို ဖေဖော်ဝါရီ ၂ ရက်နံနက် ၉
နာရီက ငဖဲမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးလှပြုံှးမှ အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဇော်က
သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ရည်ရွယ်ချက်များအား လည်းကောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာဇော်အောင်မှ သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် 3MDG အဖွဲ့မှရန်ပုံငွေပံ့ပိုးမှုအခြေအနေနှင့်သင်တန်းအတွက်ပြင်ဆင်ထားရှိမှုတို့ကို
အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ညွှန့်မှ သင်တန်းသူများအား သင်တန်းဝတ်စုံနှင့်သင်ကြားမှု
အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ အရန်သားဖွားသင်တန်းတွင် ကျွမ်းကျင်မှုကို
အခြေခံသော သင်ကြားရေးနည်းစနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလမှဧပြီလထိ
စာတွေ့(၃)လနှင့် မေလမှဇူလိုင်လထိ လက်တွေ့(၃)လပေါင်း(၆)လကြာ သင်ကြားပေးသွာမည်ဖြစ်၍ သင်တန်းသို့
ငဖဲမြို့နယ် မှ သင်တန်းသူ(၇)ဦးနှင့်စေတုတ္တရာမြို့နယ်မှ သင်တန်းသူ(၂၀)ဦးစုစုပေါင်း
(၂၇)ဦးတက်ရောက် သင်ယူ ကြမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment