ငဖဲ ဖေဖဝါရီ ၁၅
ဖေဖဝါရီလ(၂၀)ရက်နေ့တွင်ကျရောက်မည့်(၆၇)နှစ်မြောက်ချင်းအမျိုးသားနေ့ကိုမကွေး
တိုင်းဒေသကြီး
မင်းဘူးခရိုင်
ငဖဲမြို့နယ်
လှိုင်ကျေးရွာတွင် တတိယအကြိမ်မြောက်ကျင်းပမည်ဖြစ်ကြောင်း ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီဥက္ကဌ
ဦးဖုန်းတင့်
ထံမှသိရှိရသည်။
အဆိုပါချင်းအမျိုးသားနေ့တွင်
ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းသမိုင်းအကျဉ်းစာတမ်းဖတ်ခြင်း၊ချင်းရိုးရာယဉ်ကျေးမှု၊ဝတ်
စားဆင်ယင်မှုနှင့်ရိုးရာယဉ်ကျေးမှုအဆို၊အကများဖြင့်ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း၊
(၆၇)နှစ်မြောက်ချင်းအမျိုးသားနေ့ကျင်းပပြု
လုပ်ခွင့်ပေးပါရန်ဖေဖဝါရီလ(၁၂)ရက်နေ့က
ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံတင်ပြပြီးဖြစ်ကြောင်းဦးဖုန်းတင့်ပြောပြ၍သိရှိရသည်။
"ကျွန်တော်တို့လှိုင်ကျေးရွာမှာ
ချင်းအမျိုးသားနေ့ကျင်းပမှာကတော့တတိယအကြိမ်မြောက်ပါ။လမ်းပန်းဆက်သွယ်ရေးအနည်းငယ်
အခက်အခဲရှိပေမယ့်တောင်ပေါ်ကချင်းတွေရော
မြေပြန့်ကချင်းတွေကပါ ညီညီညွတ်ညွတ်ရောက်အောင်လာကြတယ်။ချင်းတိုင်းရင်း
သားများစည်းလုံးမှု
ချစ်ချစ်ခင်ခင်ရှိမှုနှင့်ရိုးရာဓလေ့အစဉ်အလာများကိုလည်းမျိုးဆက်သစ်လူငယ်များသိရှိစေ
ချင်တဲ့ပွဲဖြစ်ပါတယ်။"ဟု၎င်းကဆက်လက်ပြောပြသည်။
ဇွဲထက်ရှင်
0 comments:
Post a Comment