Tuesday, February 10, 2015

မကွေးမြို့နယ်ရှိ သရက်ပင်ပိုင်ရှင်များ ရာသီဥတုဖောက်ပြန်ခဲ့သဖြင့် အသီးတင်မှုနည်း



    
 မကွေး  
  မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ကျေးရွာများဖြစ်သော ပုထိုးစမ်း၊သပြေစမ်းများအပြင် မင်းဘူးခရိုင်အတွင်းမှ
ကျေးရွာများလည်း စီးပွားဖြစ်စိုက်ပျိုးကြသည့် စိန်တစ်လုံး၊မြကျောက်၊ရွှေလက်လုံးသရက်ပင်များနှင့်အခြားသရက်မျိုး
များမှာအဖူး၊အပွင့်ဝေချိန်ရာသီဥတုဖောက်ပြန်ခဲ့သဖြင့်အသီးအကင်းများမတင်၍သရက်သီး
အထွက်နှုန်းလျှော့ကျနိုင်ကြောင်းသရက်ပင်ပိုင်ရှင်များထံမှသိရသည်။
 
   ယင်းသရက်ပင်၊သရက်မျိုးများသည် အပွင့် ပွင့်ချိန်နှင့်အသီးအကင်းဝင်စအချိန်များတွင်မိုးရိပ်တက်ခြင်း၊မိုးအုံခြင်းများ
ဖြစ်ပေါ်ခဲ့သည့်အတွက်ကြောင့်အပင်များပြဒါးကျလာပြီး အပွင့်၊အသီးများကြွေကျကြောင်း၊အခါမဟုတ်မိုးရွာသွန်းခဲ့ခြင်း
ကြောင့်သရက်ပင်များယခုနှစ်တွင်အပျက်အစီးပိုမိုဖြစ်ခဲ့ကြောင်းသိရှိရသည်။

  "ကျွန်တော်တို့ သရက်ပင်တွေ ယခုနှစ်မှာအခါမဟုတ် မိုးအုံးခြင်း၊မိုးရွာသွန်းခဲ့ခြင်းကြောင့် အပွင့် ပွင့်ခဲ့လည်းအသီးအဖတ်မတင်တော့ဘူး။မနှစ်ကမှ သရက်ပင်ကနေမ်ျိုးမ်ျိုးမြက်မြက်ရလိုက်သေးတယ်။သရက်ပင်တွေအခုနှစ်တစ်ပင်
အလုံးလေးဆယ်၊ငါးဆယ်ကျော်တောင်အင်္သီးတင်ပါ့မလားမသိဘူး။မနှစ်ကသရက်အလုံးတစ်ရာကို
ရှစ်ရာကျပ်ကနေ
တစ်ထောင်နှစ်ရာအထိရောင်းရတယ်။အသီးလေးရာကျော်အထိခူးရတယ်။သရက်ပင်
စိုက်ပ်ျိုးခြင်းကတော့မိသားစုစား
ဖို့တဘက်တစ်လမ်းကဝင်ငွေရပါတယ်။စီးပွားဖြစ်စိုက်ပျိုးသူတွေကတော့ယခုနှစ်အရှုံးပေါ်နိုင်ပါတယ်။"
ဟုပုထိုးစမ်းကျေးရွာ
မှသရက်ပင်ပိုင်ရှင်တစ်ဦးကပြောပြသည်။

    သရက်ပင်များ အပွင့်လှိုင်လှိုင်ပွင့်ချိန်နှင့်အသီးကင်းဝင်စ အချိန်များတွင် ဆေးပက်ဖျန်းပေးခြင်း၊မီးခိုးမှိုင်းတိုက်ခြင်း
များဖြင့်ပြုလုပ်ပေးသော်လည်းအခါမဟုတ် မိုးအုံခြင်းများ၊မိုးရွာခြင်းဖြစ်ပေါ်လာပါက ပြဒါးကောင်များအကျပိုများလာပြီး
သရက်ပင်တစ်ပင်လုံးအသီးလုံးဝ မတင်သည့်ပိုင်ရှင်များလည်းရှိကြောင်းသိရှိရသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment