Monday, February 16, 2015

မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားဆိပ်ဖြူမြို့နယ်တွင်ကျင်းပ




ဆိပ်ဖြူ   -   ဖေဖော်ဝါရီ   -   ၁၆
          မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဦးစီးကာဗိုလ်ချုပ်
အောင်ဆန်းနှစ်(၁၀၀)ပြည့်မွေးနေ့အခမ်းအနားနှင့်မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကိုဖေဖော်ဝါရီ
(၁၃)ရက်နေ့နံနက်(၁၀)နာရီတွင်ဆိပ်ဖြူမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဖွင့်လှစ်ထား
သောနေ့ကလေးထိန်းမူလတန်းကြိုကျောင်း၌ပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင်ကလေးငယ်များကဗိုလ်ချုပ်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ၊ကစားနည်း(၃)မျိုး
တို့ကိုကစားခဲ့ကြပြီးဆုရရှိသောကလေးငယ်များအားဆုများပေးအပ်ချီးမြှင့်ခြင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်
ရေးအသင်းမှကလေးငယ်များအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ပေါင်မုန့် နို့ဆမ်းများ
ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 စိုးလင်းနိုင်(ဆိပ်ဖြူ)

0 comments:

Post a Comment