စေတုတ္တရာ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသား မှတ်ပုံတင်ရေးဦစီးဌာနက ဦးဆောင်၍ မိုးပွင့်အထူးစီမံချက်နှင့် ပါတ်သက်သည့်
အချက်အလက်များအား ပြည်သူများထံ အသိပညာပေး ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉း၀၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေး
ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးမှ အိမ်ထောင်စု
လူဦးရေးစာရင်းနှင့် နိုင်ငံရေးစိစစ်ရေးကဒ်ပြားများ ထုတ်ပေးခြင်းနှင့်ပါတ်သက်၍ သိသင့်
သိထိုက်သည်များနှင့် မိုးပွင့်အထူးစီမံချက်လုပ်ငန်းကို ဇန်န၀ါရီလမှ ဇွန်လအထိ (၆)လကြာ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေး ရှလင်းပြောကြားခဲ့သည်။
နေမျိုးပိုင်
(iprd)
0 comments:
Post a Comment