မင်းဘူး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအစီအစဉ်ဖြင့်
တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် မင်းဘူး(စကု)မြို့နယ်
အတွင်းရှိ ကျေးရွာများအား အခမဲ့နယ်လှည့်ဆေးကုသ ပေးခြင်းအား ဇန်န၀ါရီလ(၃၀)ရက်နေ့မှ
စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆေးကုသရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီး
ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ သင်ကြားရေးဆေးရုံမှ အထူးကုသမားတော်ကြီးများ၊မင်းဘူးခရိုင်ပြည်သူ့ဆေးရုံးကြီးမှ
ဆရာဝန်ကြီးများနှင့် သူနာပြုများမှ ဇန်န၀ါရီလ(၃၀)ရက်နေ့ မင်းဘူးမြို့နယ် ချောင်းကောက်ကျေးရွာတွင်
ဝေဒနာရှင် (၈၁၃)ဦး၊(၃၁)ရက်နေ့ ရေပေါ်ကျေးရွာ တွင် ဝေဒနာရှင်(၇၆၂)ဦး၊ဖေဖော်ဝါရီလ(၁)ရက်နေ့
သီးကုန်းကျေးရွာ တွင် ဝေဒနာရှင်(၉၂၉)ဦးတို့အား အခမဲ့ ကုသပေးခဲ့ပြီး ဖေဖော်ဝါရီလ(၂)ရက်နေ့တွင်
မန်းကျိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းတွင် ဆက်လက်ဆေးကုသပေးလျက်ရှိပြီး (၃)ရက်နေ့တွင်
ပဒေါင်းကျေးရွာ ၊(၄)ရက်နေ့တွင် ကြီးကန်/ကူရွာ၊(၅)ရက်နေ့တွင် ခံကုန်းကျေးရွာ၊(၆)ရက်နေ့တွင်ပေါင်းငူးကျေးရွာ၊(၇)ရက်နေ့
တွင် ကုန်းသာကျေးရွာ၊နှင့်(၈)ရက်နေ့တွင် ဖလံရုံကျေးရွာများသို့ နယ်လှည့်အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်
ကြောင်း နှင့် ဆေးကုသရေးအဖွဲ့များတွင် အထွေထွေရောဂါ၊သားဖွားနှင့်မီးယပ်၊အရိုးအကြော၊သွားနှင့်ခံတွင်း၊
မျက်စိအထူးကု၊ကလေးအထူးကု၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် တိုင်းရင်းဆေး အဖွဲ့များ လိုက်ပါကူညီ
ဆောင်ရွက် ပေးလျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်
တိုင်းဒေသကြီးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း မှ အဖွဲ့ဝင်များ လိုက်ပါ၍ ကြည့်ရှုအားပေးပြီး
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
သန်းဌေး(မင်းဘူး)
0 comments:
Post a Comment