Friday, February 27, 2015

ဆိပ်ဖြူ-ဆောကားလမ်းမပေါ်တွင်တရားမ၀င်သစ်များဖမ်းဆီးရမိ




ဆိပ်ဖြူ   -   ဖေဖော်ဝါရီ   -   ၂၇
          မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်တွင်ဖေဖော်ဝါရီ(၂၆)ရက်နေ့နံနက်(၃)နာရီခန့်ကဆိပ်ဖြူ-ဆော
ကားဘမ်း၊ကန်ဇွန်းမကျေးရွာ၏အနောက်ဘက်(၃၆/၆)နှင့်(၃၆/၇)မိုင်ကြားတွင်ဘေလီသံဘောင်တံတားအမှတ်
(၂/၃၇)တွင်သစ်ခွဲသားများကိုတရားမ၀င်တင်ဆောင်လာသောကားတစ်စီးကြောင့်တံတားကျိုးပျက်နေကြောင်း
ကိုနယ်မြေခံများ၏သတင်းပေးပို့မှုကြောင့်ကန်ဇွန်းမနယ်မြေခံရဲတပ်ဖွဲ့နှင့်မြို့နယ်သစ်တောမှတာဝန်ရှိသူများ၊
သွားရောက်စစ်ဆေးခဲ့ရာဆောမြို့နယ်ဘက်မှဆိပ်ဖြူမြို့နယ်ဘက်သို့ယာဉ်မောင်းအောင်ကိုမင်းမောင်းနှင်လာ
သောနီဆန်းအစိမ်းရောင်ဆယ်ဘီးကားသည်တံတားအမှတ်(၂/၂၃)သံဘောင်ဘေလီတံတားပေါ်အရောက်တွင်
တရားမ၀င်သစ်ခွဲသားများနှင့်အဆိုပါကားအားတွေ့ရှိခဲ့ရာယာဉ်ပေါ်တွင်လိုက်ပါလာသည့်မောင်လွင်
(သက္ကယ်ကျင်းကျေးရွာ)နေသူမှာတံတားကျိုးပျက်မှုကြောင့်ဝဲခြေသလုံး၊တင်ပဆုံဖူးရောင်ဒဏ်ရာများ
ရရှိခဲ့ပြီး၊အဆိုပါဖြစ်ပွားမှုအတွက်ကန်ဇွန်းမရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
စိုးလင်းနိုင်(ဆိပ်ဖြူ)

0 comments:

Post a Comment