မင်းဘူး ဖေဖေါ်ဝါရီ ၁၉
မြန်မာ့မီးရထား ကြံခင်း - ပခုက္ကူ
ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သည့် မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူး ဘူတာရုံနှင့်
မင်းဘူးကွန်ကရစ် ဇလီဖားတုံး စက်ရုံ တည်ဆောက်ခြင်းအတွက် မြန်မာ့မီးရထားမှ ရယူခဲ့သည့်
မြေများအား လျော်ကြေးငွေပေးချေခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီ ၁၉ နံနက် (၁၁)နာရီ
အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး
ကော်မတီ ဥက္ကဌ ဦးညီညီဝင်း ကအမှာစကားပြောကြားပြီး မြန်မာ့မီးရထား ကြံခင်း - ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း
အင်ဂျင်နီယာ ဦးမင်းချစ်မွန် မှ မင်းဘူးဘူတာရုံ နှင့် မင်းဘူးကွန်ကရစ်ဇလီဖားတုံး စက်ရုံတည်ဆောက်ခြင်း
အခြေအနေများကို ရှင်းတင်ပြကာ မြို့နယ် မြေအသုံချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဦးအောင်ဗိုလ်ဝင်း
က ဘူတာရုံနှင့်ကွန်ကရစ်ဇလီဖားတုံးစက်ရုံ တည်ဆောက်တွင်ပါဝင်သည့်
(၉၁.၅၄)ဧကအနက် တောင်သူ(၂၀)ဦး၏ သီးနှံစိုက်ပျိုးမြေဧက(၈၉.၃၉) ဧကအတွက် လျော်ကြေးပေးချေနိုင်ရန်
တွက်ချက်မှုနှင့် ပက်သက်၍ ရှင်းလင်တင်ပြခဲ့ပါသည်။
မင်းဘူးဘူတာရုံနှင့် ကွန်ကရစ်ဇလီဖားတုံးစက်ရုံတည်ဆောက်ရာတွင် ပါဝင်သော သီးနှံစိုက်ပျိုးမြေ(၈၉.၃၉)ဧက ယာပိုင်ရှင်များဖြစ်သည့် တောင်သူ(၂၀)ဦးတို့အား
စုစုပေါင်းလျော်ကြေးငွေကျပ် (၄၁၀၅၈၂၇၉၀ိ/-)
အား ချက်လက်မှတ်များဖြင့် တစ်ဦးချင်းအား တာဝန်ရှိသူများ မှ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ပူးတွဲပါ-
သတင်းဓါတ်ပုံ(၁)ပုံ
သန်းဌေး(မင်းဘူး)
0 comments:
Post a Comment