Thursday, February 19, 2015

ပျံကျဈေးသည်များအား စတုတ္ထအကြိမ် ချေးငွေထုတ်ပေးခြင်း နှင့်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ



             ချောက်      ဖေဖော်ဝါရီ  ၁၉ ရက် ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်သူ့ဈေးရှိ ပျံကျဈေးသည်များအား စတုတ္ထကကြိမ် ချေးငွေထုတ်ပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီက စည်ပင်သာယာရေးအဖွဲ့အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမောင်မောင်သက်က အမှာစကားပြောကြားပြီး အမှုဆောင်အရာရှိ ဦးထင်အောင် က ချေးငွေထုတ်ပေးရခြင်းရည်ရွယ်ချက် ၊ပြန်လည်ပေးဆပ်ရမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြ၍ စည်ပင်သာယာကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးဝင်းနိုင် က ချေးငွေကို အကျိုးရှိစွာအသုံးပြု၍ ဘဏ်နှင့်ချိတ်ဆက်အသုံးပြုမှု ပိုမိုတိုးတက်လာရေး၊ အလေ့အထကောင်းများ တိုးတက်ရရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ပျံကျဈေးသည် ၂၀၀ ဦးအား တစ်ဦးလျှင် ၅ သောင်းနုန်းဖြင့်ချေးငွေ သိန်း (၁၀၀)ထုတ်ချေး ပေးခဲ့ပြီး ယခင်ချေးငွေမှ အတိုးငွေရရှိမှု၏ လေးပုံ တစ်ပုံ  ၆ သိန်းအား ချေးသည့် ဦး ၂၀၀ ကို အချိုးကျ ပြန်လည် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ 

 ဦးဝင်းဌေး (ချောက်)

0 comments:

Post a Comment