လွတ်လပ်ရေးဗိသုကာ
=================
နှလုံးရည်စစ်စစ်
လက်ရုံးရည်စစ်စစ်
ကိုယ်ကျင့်တရားစစ်စစ်တွေနဲ့
ထုဆစ်ခဲ့တဲ့ရွှေလက်ရာ
မြန်မာ
ကမ္ဘာကပင်လေးစားခဲ့ရ ။
အတ္တသွေးမပါ
ပရသွေးစစ်စစ်နဲ့
နိုင်ငံရေးစစ်စစ်ကိုလိုလား
ပြည်သူ့အကျိုးစစ်စစ်ကိုတန်ဖိုးထား
=================
နှလုံးရည်စစ်စစ်
လက်ရုံးရည်စစ်စစ်
ကိုယ်ကျင့်တရားစစ်စစ်တွေနဲ့
ထုဆစ်ခဲ့တဲ့ရွှေလက်ရာ
မြန်မာ
ကမ္ဘာကပင်လေးစားခဲ့ရ ။
အတ္တသွေးမပါ
ပရသွေးစစ်စစ်နဲ့
နိုင်ငံရေးစစ်စစ်ကိုလိုလား
ပြည်သူ့အကျိုးစစ်စစ်ကိုတန်ဖိုးထား
အမှန်တရားစစ်စစ်ကိုသူလေးစား
ပြည်သူ့နှလုံးသားစစ်စစ်
ပြည်သူစစ်စစ်တွေက
သွေးစစ်စစ်တွေနဲ့ချစ်ကြတယ် ။ ။
မောင်နွေဦး ( မြိုင် )
ငြိမ်းချမ်းရေးအိပ်မက်
=================
အခါခါကြိုးညှိပေမယ့်
ခုချိန်ထိ......
ရင်ခုန်ဖွယ်သံစဉ်သစ်
မပွင့်နိုင်သေးဘူး ။
ရင်တထိတ်ထိတ်နဲ့
တင်းလွန်းရင်ပြတ်သွားလေမလား
လျော့လွန်းရင် အပတ်ခံရလေမလား
ကိုယ်မကျူးလည်း
ကိုယ့်ဒူးကိုမယုံကြ ။
သူ့ထက် ငါ
လိုရာကိုဆွဲဆန့်နေပုံက
ငရဲပန်းတွေပွက်ပွက်ထလို့ ။
ဒီလိုနဲ့
ကောင်းကင်သစ်လရောင်
ငေးငေါင်ငေါင်နဲ့
အိမ်အပြန်နောက်ကျဆဲပေါ့ ။ ။
မောင်နွေဦး ( မြိုင် )
ပြည်သူ့နှလုံးသားစစ်စစ်
ပြည်သူစစ်စစ်တွေက
သွေးစစ်စစ်တွေနဲ့ချစ်ကြတယ် ။ ။
မောင်နွေဦး ( မြိုင် )
ငြိမ်းချမ်းရေးအိပ်မက်
=================
အခါခါကြိုးညှိပေမယ့်
ခုချိန်ထိ......
ရင်ခုန်ဖွယ်သံစဉ်သစ်
မပွင့်နိုင်သေးဘူး ။
ရင်တထိတ်ထိတ်နဲ့
တင်းလွန်းရင်ပြတ်သွားလေမလား
လျော့လွန်းရင် အပတ်ခံရလေမလား
ကိုယ်မကျူးလည်း
ကိုယ့်ဒူးကိုမယုံကြ ။
သူ့ထက် ငါ
လိုရာကိုဆွဲဆန့်နေပုံက
ငရဲပန်းတွေပွက်ပွက်ထလို့ ။
ဒီလိုနဲ့
ကောင်းကင်သစ်လရောင်
ငေးငေါင်ငေါင်နဲ့
အိမ်အပြန်နောက်ကျဆဲပေါ့ ။ ။
မောင်နွေဦး ( မြိုင် )
0 comments:
Post a Comment