Friday, February 27, 2015

ကိုယ်ရံတောင်ကျေးရွာတွင်မီးဘေး ကြိုတင် ကာကွယ်ရေးနှင့်ပညာပေးဟောပြောပွဲ ကျင်ပ


မြို့သစ်ဖေဖော်ဝါရီ  ၂၅
            မကွေးခရိုင် မြို့သစ်မြို့နယ်  မြို့နယ်
မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှုး
ဦးသောင်းတင်နှင့်တပ်ဖွဲ့ဝင်များသည်ကိုယ်ရံ
တောင်ကျေးရွာသို့ဖေဖော်ဝါရီ၂၅  ရက်နေ့
နံနက်ပိုင်းကသွားရောက်ကာမီးဘေးကြိုတင်
ကာကွယ်တားဆီးရေးလုပ်ငန်းများဟောပြော
ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

             ရှေးဦးစွာ မြို့နယ်မီးဘေးကြိုတင်
ကာကွယ်တားဆီးရေးကော်မတီဥက္ကဌမြို
နယ်အုပ်ချုပ်ရေးမှုးဦးဗိုလ်အောင်မောင်  ၏
လမ်းညွှန်မှုဖြင့်မီးသတ်ဦးစီးမှုး
ဦးသောင်တင်က ကျေးရွာပြည်သူများ မီး
လောင်မှု  ထိတ်လန့်မှုမရှိစေရန်နှင့်မီးလောင်
လွယ်သောအရာများကို ကိုင်တွယ်အသုံး
ပြုရာတွင် သတိဝရီယ ထားကိုင်ဆောင်
အသုံးပြုရန်  အထူးသဖြင့် ဆိုင်ကယ်များ
တွင်အသုံးပြုသောဓါတ်ဆီ  များနွားစာ
အဖြစ်အသုံးပြုသောကောက်ရိုးများ အစရှိ
သောပစ္စည်းများကိုအထူးဂရုပြုကို
င်တွယ်
အသုံးပြုသွားရန်နှင့်ပြည်သူများသိသင့်
သိထိုက်သောမီးဘေးကြိုတင်ကာကွယ်ခြင်း
အစရှိသောလုပ်ငန်းများကိုပညာပေးဟော
ပြောဆွေးနွေးခဲ့သည်။
            ဆက်လက်၍  ကျေးရွာအတွင်း
အိမ်တိုင်း အိမ်တိုင်း  မီးဘေးကြိုတင်ကာ
ကွယ်ရေးပစ္စည်းများ  ရှိ/ မရှိ  စစ်ဆေးခြင်း
ထမင်းချက်ရာနေရာနှင့်မီးလင်ကြွင်းရှိ/မရှိ
စစ်ဆေးခြင်းများလုပ်ကိုင်ဆောင်ရွက်ခဲ့
သည်။
             အဆိုပါလုပ်ငန်းများကို မြို့နယ်
မီးဘေးကြိုတင်ကာကွယ်တားဆီးရေး
ကော်မတီဥက္ကဌ၏လမ်းညွှန်မှုခံယူကာ
ကျေးရွာများသို့ အခါအားလျော်စွာ ကွင်း
ဆင်းလုပ်ကိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

                          ဇော်ဇော်(မြို့သစ်)
 

0 comments:

Post a Comment