Friday, February 27, 2015

မကွေးမြို့မဈေးကြီးမီးဘေးကာကွယ်ရေးအတွက် မီးသတ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်




          ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက်၉း၁၀ မှ ၉း၂၀ နာရီအချိန်ခန့်အထိမကွေးမြို့မဈေးကြီးအတွင်းမှာမီးဘေးကာကွယ်ရေးအတွက် မီးသတ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်ကြောင်းမြေလတ်မီဒီယာ မှ သတင်းရရှိသည်။

          ၎င်းမီးသတ်ကြိုတင်လေ့ကျင့်ရေးတွင် မကွေးမြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲဝင် ၈ ဦး၊ မီးသတ်ကား နှစ်စီး၊ မကွေးမြို့နယ်စည်ပင်သာယာရေးဌာန မှ ဦးစီးအရာရှိနှင့် ၀န်ထမ်း ၂၀ ဦး၊ ဈေးမိဈေးဖ ၁၀ ဦးတို့ တက်ရောက်ကြသည်။

          မကွေးမြို့မဈေးကို ၁၉၉၇ ခုနှစ်ကမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းနေ့မှာချောက်မြို့ဈေးကြီးလည်းမီးလောင်ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်မှာရေနံချောင်းဈေးကြီးကိုမီးလောင်ခဲ့ကြောင်း၊ ၂၀၁၅ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်းရေနံချောင်းဈေးကြီးကိုမီးလောင်ခဲ့ကြောင်းမကွေးမြို့မဈေးမိဈေးဖတစ်ဦးကမြေလတ်မီဒီယာ
ကိုပြောသည်။

မြေလတ်မီဒီယာ

0 comments:

Post a Comment