Sunday, February 15, 2015

မြို့သစ်မြို့နယ် သီးပင် ကျေးရွာအရှေ့ဘက်တွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပွား လူတစ်ဦးသေ

၁၅ . ၂ . ၂၀၁၄ ရက်နေ့ ၀၆ . ၃၀ နာရီ အချိန်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သီးပင်
ကျေးရွာအရှေ့ဘက်တွင် သုံးဘီးဆိုင်ကယ်
တိမ်းမှောက်မှုဖြစ်ပွားသွားခဲ့
ရာ ယာဉ်မောင်း
အောင်နေလင်း အသက် ၃၄ နှစ်အဘဦးဝ
သန်းကုန်းကျေးရွာ နေထိုင်သူမှ ၄င်း၏ ၆ဟ/
၃၈၃၃ ဟုန်လည် အမျိုးအစား အပြာရောင်
သုံးဘီးဆိုင်ကယ်အား မျြိ့သစ်မြို့မှ သန်းကုန်း
ကျေးရွာသို့ ခရီးသည်များ တင်ဆောင်ပြီး
မောင်းနှင်လာစဉ် မကွေးနေပြည်တော်ကါး
လမ်း မိုင်တိုင်အမှတ် ၄၈/၄၇နှင့် ၄၉/၅၀ကြား
တွင် အချိန်မထိမ်းနိုင်ဘဲ  ကားလမ်း၏ ဝဲ
ဘက်သို့ ထိုးကျသွားခဲ့၍ တိမ်းမှောက်သွားသည်။

  ယာဉ်မောင်းသူ၏ ဝဲဘက်တွင် စီးနှင်းလိုက်ပါ
လါသူ ဦးကျော်ငြိမ်း ၊အသက် ၄၀ နှစ် ၊အဘ
ဦးကောင်းလှ၊ တောင်သူ သန်းကုန်းကျေးရွာ
နေသူမှာ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျ
သေဆုံးသွားခဲ့ပါသည် ။
 
သို့ဖြစ်ပါ၍ မြို့သစ်မြို့
နယ်မြို့မရဲစခန်းမှ သုံးဘီးဆိုင်ကယ်အား မ
ဆင်မခြင် မောင်းနှင်ခဲ့သူ အောင်နေလင်းအါး
ယာဉ်(ပ)အမှတ် ၆/၂၀၁၅ လူသေမှု့ ၃၀၄.က
ဖြင့်အရေးယူအမှု့ဖွင့်ထားရှိကြောင်း သတင်းရရှိ။

                             သူကြီးသားလှိုင်ဘွား

0 comments:

Post a Comment