Friday, February 6, 2015

ခြင်းလုံးခတ် ပြိုင်ပွဲ အောင်ပွဲရ မကွေးတိုင်းဒေသကြီး ခြင်းလုံးအားကစားအဖွဲ့အား ဂုဏ်ပြုပွဲ ကျင်းပ




မကွေး     ဖေဖော်ဝါရီ     
          ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အဖွဲ့ချုပ်ဥက္ကဌ ဖလား ဖိတ်ခေါ် ပြိုင်ပွဲတွင် အောင်ပွဲရ မကွေးတိုင်းဒေသကြီး ခြင်းလုံးအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊အားကစားဝါသနာရှင်ဧည့်ပရိတ်သတ်များနှင့်အောင်ပွဲရ အားကစားသမား များ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးအောင်ကျော်မင်း မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး ရိုးရာခြင်းလုံး အားကစားမှာအဆင့်အတန်း မြင့်မားခဲ့ပါကြောင်း၊ကျောင်းသားအား ကစားပွဲတော်မှာလဲ ပထမဆုရရှိခဲ့ပြီး နှစ်စဉ်ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများတွင် ပ-ဒု-တ အဆင့်များရရှိခဲ့ပါ ကြောင်း၊ယခုပြိုင်ပွဲတွင် အသင်းလိုက် ဒုတိယဆုနှင့်တက်သစ်စ အားကစားသမားအဖြစ် မောင်ရဝေအောင် (ရေနံချောင်း)မှ ရရှိခဲ့လို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊၂၀၁၅-ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် ယခုပါဝင်ယှဉ်ပြိုင်သည့်အဖွဲ့မှဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရလို့ အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ရန် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။

          ထို့နောက် အသင်းအုပ်ချုပ်သူ ဦးကျော်ကျော်မှ နည်းပြနှင့်အားကစာသမားများ ကိုယ်စား ပြိုင်ပွဲ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ၀န်ကြီး ဦးအောင်ကျော်မင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များမှဆုရ အားကစားအသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment