မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်
၊မင်းဘူးမြို့နယ် မုန်တောင်ကျေးရွာအုပ်စု ၊ မုန်တောင်ကျေးရွာ ကွင်းအမှတ် (၁၃၇၁) ဦးပိုင်
(၈၈) တွင် ဝါစိုက်တောင်သူ ဦးထွန်းသောင်း၏ ငွေချည်(၉) ချည်မျှင်ရှည်ဝါ (၅) ဧက စံပြကွက်
တောင်သူပညာပေးကွင်း သရုပ်ပြပွဲ ကို ဖေဖေါ်ဝါရီလ ၄ ရက် နံနက် (၉း၄၀) တွင် အဆိုပါစံပြကွက်တွင်
ကျင်းပခဲ့ သည်။
ကွင်းသရုပ်ပြပွဲ တွင် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊
တိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်ထွန်း(ညွှန်ကြားရေးမှူး)က သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်၊
ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ အလားအလာရှိသော ငွေချည်(၉) နှင့် ရွှေတောင် (၈) ချည်မျှင်ရှည်ဝါ
၊ အောင်မြင်ဖြစ်ထွန်းနေသော ငွေချည်(၉) ချည်မျှင်ဝါ အခြေအနေများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး
တောင်သူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့သည်။
ငွေချည်(၉) ချည်မျှင်ရှည်ဝါ တောင်သူပညာပေးကွင်း
သရုပ်ပြပွဲ သို့ တက်ရောက်လာသည့် တောင်သူများအား စိုက်နည်းစနစ်များ အခြေခံကျကျ အသုံးပြုဆောင်ရွက်နိုင်ရန် လယ်ယာ စီးပွား သတင်းစာစောင်များနှင့် ရွှေတောင်(၈)
၊ ငွေချည်(၉) ချည်မျှင်ရှည်ဝါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
တောင်သူပညာပေးကွင်း သရုပ်ပြပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒု-
ဦးစီးမှူး ဦးအောင်ကိုလတ် ၊စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းအောင်နှင့်
ဝန်ထမ်းများ၊ မုန်တောင်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ မောင်းမကန်ကျေးရွာ ၊ ရေပေါ်ကျေးရွာ
၊ ကျွန်းပြားကျေးရွာ ၊ရေတွင်းကုန်းကျေးရွာ၊ ဆင်လမ်းကြီးကျေးရွာ နှင့် သီးကုန်းကျေးရွာများမှ
ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
သန်းဌေး(မင်းဘူး)
0 comments:
Post a Comment