Saturday, February 7, 2015

မြို့သာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်




ပေါက်     ဖေဖော်ဝါရီ      
          ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေးလုပ်ငန်းတစ်ရပ်အဖြစ် မြို့တွင်းလမ်းမ ကြီးဖြစ်သော ဗိုလ်ချုပ်လမ်းတစ်လျှောက်၌ ယခင်ကထွန်းညှိထားရှိသော (၄)ပေမီးချောင်းများမှာ ပျက်စီးနေခြင်း၊အလင်းအားနည်းခြင်းတို့ကြောင့်(၁၆)လက်မ ရောင်ပြန်စလောင်းမီးလုံးများဖြင့် အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်ပူးပေါင်း ၍ အဆင့်မြှင့်ထွန်းညှိခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါလမ်းမီးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၊အငယ်တန်း အင်ဂျင်နီယာ ဦးစိုးမိုးကျော်နှင့်မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးနိုင်ထက်ဇော်တို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မြို့နေလူထုအနေဖြင့် လမ်းမီးများ ယခင်ကထက် ပိုမိုအလင်းရရှိ၍ ကျေးဇူးတင်ဝမ်းမြောက်လျှက်ရှိကြကြောင်း အောင်တံခွန်ရပ်ကွက်နေ ဦးမြင့်နိုင်မှ ပြောပြ ၍ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment