ရေနံချောင်း ဖေဖော်ဝါရီ ၂၄
ရေနံချောင်းမြို့နယ်တွင် အဋ္ဌမတန်းနှင့်
စတုတ္ထတန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးနည်းတူ ဖေ ဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းမှ
စတင်၍ အထက၊ အထက(ခွဲ) ၊အလက၊ တို့၌ ဖြေဆိုလျက်ရှိသည်။
ထိုသို့ ကျင်းပရာတွင် မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊
မြို့နယ်ပညာရေးဌာန၏ အနီးကပ် ကြီးကြပ်မှု၊ ကျောင်းသားမိဘများတို့၏ ကူညီမှုဖြင့် အဋ္ဌမတန်းနှင့်
စတုတ္ထတန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ များစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရေနံချောင်းမြို့နယ်တွင် စာဖြေဌာန
၅၅ ခု ရှိပြီး၊ အဋ္ဌမတန်းဖြေဆိုသူ ကျောင်းသား၂၁၁၄ဦး၊ စတုတ္ထတန်းဖြေဆိုသူ ၂၆၆၁ ဦး ဖြေဆိုလျက်ရှိကြောင်း၊
အဋ္ဌမတန်း ၉၇ဒဿမ၅၉ရာခိုင်နှုန်း၊ စတုတ္ထတန်း ၉၈ဿမ ၃၃ရာခိုင်နှုန်းဖြေဆိုကြကြောင်သိရသည်
သိန်းဇော်(
ပြန်/ဆက် )
0 comments:
Post a Comment