ပွင့်ဖြူ ဖေဖော်ဝါရီ ၎
ပွင့်ဖြူမြို့၌ မကွေးတိုင်းဒေသကြီး၏ လမ်းညွှန်မှု
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှု၊ကျန်းမာရေးဦးစီးဌာနနှင့်ထောင်စုနှစ်
ရည်မှန်းချက်(၃)ရပ် အကောင်အထည်ဖော်ရေး (3MDG) အဖွဲ့၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သော
အရန်သားဖွားဆရာမ(၁/၂၀၁၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌
ဖေဖော်ဝါရီ ၂ ရက်နံနက် ၉ နာရီက ကျင်းပပြု လုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်နိုင်က
အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာတင်ဝင်းမှ
သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ၀န်ကြီးဦးအောင်နိုင်က
သင်တန်းသူများအသုံးပြုရန် စာရေးကိရိယာများနှင့်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မိုးမြင့်မှ
ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ
လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းသူ(၂၀)ဦးအားစာတွေ့(၃)လနှင့်လက်တွေ့(၃)လ
သင်ကြားပို့ချသွားမည်ဖြစ် ပြီး ကျေးရွာ(၂၀၅)ရွာတွင်
အရန်သားဖွားဆရာမ စေတနာ့ ၀န်ထမ်းများဖြင့် ပြည်သူလူထုအခြေပြု ကျန်းမာ ရေးစောင့်ရှောက်မှု၊
ဖွားသေနှုန်းကျဆင်းရေးတို့အား ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment