Tuesday, February 3, 2015

မင်းလှမြို့နယ် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအသင်း အလုပ်အမှု့ဆောင်အဖွဲ့ ဥက္ကဋ္ဌ လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်




             
         
မကွေး  ဖေဖော်ဝါရီ ၂
             မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး အစည်းဝေးခန်းမတွင် ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင်များအသင်း အလုပ်မှု
 ဆောင် ဥက္ကဠ နေရာအား ဖေဖော်ဝါရီ(၁)နေ့၌ လျှို့ဝှက်မဲစနစ်ဖြင့် ဆန္ဒပြုရွေးချယ်ခဲ့ကြောင်းသိရသည်။  


             တိုင်းရေနံလုပ်ငန်းရှင်များအသင်းမှ ဦးစီးဦးဆောင်ပြု၍ ကော်မတီ(၁၂)ဦးအရင်ရွေးချယ်ပြီး နောက်ထပ်အဖွဲ့ဝင်(၆)ဦးအစားထိုးရွေးချယ်ကာ (၁၂)ဦး
 ထဲက မင်းလှမြို့နယ် ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင်များအသင်း အလုပ်မှု့ဆောင်ဥက္ကဋ္ဌ ဗိုလ်ကြီးစိုးညွန့် နုတ်ထွက်သွားသည့်အတွက် လစ်လပ်သွားသောနေရာ
အတွက် ဆန္ဒပြုလျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ လက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုးမှ ရွေးချယ်ခံခဲ့ရသဖြင့် နောက်ထပ်တကြိမ် အတွင်းရေးမှုးနေ
ရာကိုပါ ထပ်မံရွေးချယ်ခဲ့ကြောင်းသိရှိရသည်။
             မြို့နယ်ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင်များအသင်း အလုပ်မှု့ဆောင်အဖွဲ့ ဥက္ကဋ္ဌ နေရာအတွက် ဦးကျော်စွာဝင်း၊ ဦးအောင်ကျော်ညွန့်၊ ဦးနိုင်ဇော်
ထက်၊ ဦးစောနိုင်ဦး၊ ဦးကျော်လင်းဦး၊ ဦးကျော်စိုး၊ ဦးစိုးမြင့်၊ ဦးညီညီအောင်၊ ဦးသန်းဌေးအောင်၊ ဦးချစ်ကို၊ ဦးကြည်ဌေး၊ ဒေါ်စန္ဒာဦး ၊စသည့်လုပ်ငန်းရှင်များမှ ဝင်ရောက်ရွေး  
ချယ်ခံခဲ့ရာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအသင်း အလုပ်မှု့ဆောင် ဥက္ကဋ္ဌနေရာကို ဦးစိုးမြင့်မှလျှို့ဝှက်ဆန္ဒမဲ အများဆုံးဖြင့်အရွေးချယ်ခံရပြီး အတွင်းရေးမှုးနေ
ရာအား ဦးကြည်ဌေးတို့ကအသီးသီးအရွေးချယ်ခံရ၍ နေ့လည်(၁)နာရတွင် လျှိ့ဝှက်ဆန္ဒမဲပေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသတင်းရရှိခဲ့သည်။
                                                   
                                                                         မင်းထီး(ရေနံမ)

0 comments:

Post a Comment