Tuesday, February 17, 2015

လောက်ကိုင်မှ ပြန်အဆင်း ကြက်ခြေနီယာဉ်တန်း အပစ်ခံရ

လောက်ကိုင်မှ ပြန်အဆင်း ကြက်ခြေနီယာဉ်တန်း အပစ်ခံရ
==============================
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၇
လောက်ကိုင်တွင် ဒုက္ခသည်များအား ...
အကူအညီ ပေးနေသော ကြက်ခြေနီယာဉ်တန်း ...
ယနေ့မနက် အပစ်ခံရပြီး လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ....
ယာဉ်တန်းပေါ်တွင် ပါလာသော ...
ဧရာဝတီဓာတ်ပုံ သတင်းထောက် ဂျေပိုင်က ...
သတင်းပေးပို့သည်။

အခြား သတင်းဓာတ်ပုံဆရာ ၂ ဦးလည်း ....
ယာဉ်တန်းပေါ်ပါလာပြီး ...
ဒဏ်ရာရသူများကို ဝိုင်းဝန်းကူညီပေးခဲ့သည်။
လောက်ကိုင်နှင့် ချင်းရွှေဟော်အကြား ...
၅ မိနစ်ကြာ ပစ်ခတ်ခံရပြီး ...
ကိုးကန့်တပ်ဖွဲ့များမှ ချုံခိုပစ်ခတ်သည်ဟု ...
ယာဉ်တန်းပါသူများက ယုံကြည်နေကြသည်။
ယခုအခါ ယာဉ်တန်းမှာ ...
ကွမ်းလုံမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ...
ဒဏ်ရာရသူများ အခြေအနေ မဆိုးရွားဟု သိရသည်။
( credit- The Irrawaddy (Burmese Version) )
feeling ကိုးကန့်တပ်ဖွဲ့များမှ ချုံခိုပစ်ခတ်သည်ဟု ယာဉ်တန်းပါသူများက ယုံကြည်နေကြသည် ...

0 comments:

Post a Comment