မြို့သစ် ဖေဖေါ်ဝါရီ ၉
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့
နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ
အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်
၏ လမ်းညွှန်မှု ပညာရေးဦးစီးဌာန မြို့နယ်
ပညာရေးမှူး ဆရာမကြီးဒေါ်ခင်အုန်းမြ မှ
ဦးဆောင်ကာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀) ပြည့်
မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
တေးသရုပ်ဖေါ် အက ( ပြိုင်ပွဲ ) ကို
၉/ ၂ / ၂၀၁၅ ၊ ရက်နေ့ နံနက်( ၁၁ )နာရီ
က အခြေခံပညာ အထက်တန်းကျောင်း
ရတနာ ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါပြိုင်ပွဲသို့ မြို့သစ် အထက
မှ( ကြွားစိန်မ )တေးသီချင်းဖြင့်လည်းကောင်း
ကွက်သစ်အထက( ခွဲ )မှ( ပြည်ထောင်စု )
တေးသီချင်းဖြင့်လည်းကောင်း ၊ မြို့မ
မူလတန်းကျောင်း ( ခွဲ )မှ ( သူ့လိုလူ ) တေး
သီဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ ကြရာ
မြို့မမူလတန်းကျောင်း(ခွဲ)မှ ( ပထမ )
ကွက်သစ်အထက်တန်းကျောင်း (ခွဲ )မှ(ဒုတိ
ယ ) အထက်တန်းကျောင်း(မြို့သစ်) မှ
တတိယ )( ရရှိ ခဲ့ ကြသည် ။
ပြိုင်ပွဲတွင် ဆုရရှိ ကြသူများ
ကို ( ၁၃ / ၂ / ၂၀၁၅ ) ရက်နေ့တွင်
ဆုချီးမြှင့် ပေး သွားမည် ဖြစ်ကြောင်း
သိ ရ သည် ။ ။ ။ ။
သန်းဝင်းထွန်း ( မြို့သစ် )
0 comments:
Post a Comment