ငဖဲ ဖေဖော်ဝါရီ ၁၀
၂၀၁၅-ခုနှစ်
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်နေ ဦးလှရွှေ(၇၃)နှစ်(ဘ)ဦးချစ်ကြီး စစ်မှုထမ်းဟောင်း(ငြိမ်း)သည်
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၁၂း၅၀ နာရီကတစ်ဦးတည်း တာဝေးစက်ဘီးစီးနင်း ၍ ငဖဲမြို့နယ် ပဒါန်းကျေးရွာသို့
ရောက်ရှိခဲ့သည်။
အဆိုပါတာဝေးစီးနင်းသူသည်
ရခိုင်ပြည်နယ်မှ မကွေး၊ရန်ကုန်၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည် နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်များသို့
မိုင်ပေါင်း(၃၀၀၀)စီးနင်မည်ဖြစ်ကြောင်း သိရှိရပြီး ပဒါန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်
မကွေးမြို့သို့ဆက်လက် စက်ဘီးစီးနင်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment