Monday, February 2, 2015

ရေနံချောင်း ဒီဂရီကောလိပ်တွေထဲမှာ ပညာရေးဥပဒေကို ဘာ့ကြောင့် သပိတ်မှောက်ရတယ်ဆိုတာ ဖေဖော်ဝါရီ ၂ရက်နေ့မနက်ပိုင်းမှာ ရှင်းလင်းဟောပြောခဲ့ပါတယ်။

Kamayut Media added 19 new photos.  မှ ကူးယူဖော်ပြပါသည်။
Photo News: Boycott Students Head for Magwe
ရေနံချောင်းမြို့ကို ရောက်ရှိနေတဲ့ ပညာရေးသပိတ်မှောက် ကျောင်းသားတွေဟာ ရေနံချောင်းမြို့ပေါ်က GTI လို့ခေါ်တဲ့ စက်မှုလက်မှုသိပ္ပံကျောင်းနဲ့ ရေနံချောင်း ဒီဂရီကောလိပ်တွေထဲမှာ ပညာရေးဥပဒေကို ဘာ့ကြောင့် သပိတ်မှောက်ရတယ်ဆိုတာ ဖေဖော်ဝါရီ ၂ရက်နေ့မနက်ပိုင်းမှာ ရှင်းလင်းဟောပြောခဲ့ပါတယ်။
သပိတ်စစ်ကြောင်းဟာ ရေနံချောင်းကနေ ထွက်ခွာမှာဖြစ်ပြီး မကွေးမြို့မရောက်ခင် ၇မိုင်အကွာက ကန်ပြားရွာမှာ တစ်ညတာ အနားယူမယ်လို့ ဆိုပါတယ်။ ရေနံချောင်းဒေသခံ ကျောင်းသားတွေပါ သပိတ်မှာ ပူးပေါင်းလာတာမို့ ကျောင်းသားတစ်ထောင်ကျော်လောက် ချီတက်နေကြတာဖြစ်ပြီး ဒေါင်းသေချောင်းမှာ အာဏာပိုင်တွေဘက်က စည်းသုံးစည်းတားပြီး ပိတ်ဆို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
(ဓာတ်ပုံ - အာကာစိုး/ကမာရွတ်မီဒီယာ)

0 comments:

Post a Comment