ပေါက် ဖေဖော်ဝါရီ ၂၆
မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ
ပျက်ဆီးဆုံးရှုံးခြင်းမှကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်
မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်လျှပ်စစ်တို့ပူးပေါင်း၍ ပေါက်မြို့မဈေး၌ လက်တွေ့ဇာတ်တိုက်
သရုပ်ပြခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ဈေးသူ ဈေးသားများ မီးသတိရှိစေရေးအတွက်
မီးသုံးမှုများနှင့် လျှပ်စစ်သွယ်တန်းမှုများကို လိုက်လံစစ်ဆေးအကြံပြုခြင်း မီးဘေးကြိုတင်
ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရယ်ကျရောက်ပါက မီးသတ်ကားများ အလျှင်အမြန်ဝင်ရောက်နိုင်ရေးအတွက်
လမ်းကြောင်းများ ရှင်းလင်းခြင်း အပေါ့စားမီးသတ်စက် များဖြင့် မီးငြိမ်းသတ်ခြင်း မီးသတ်ဆေးဘူးဖြင့်
ကိုင်တွယ်အသုံးပြုခြင်းတို့ကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက
လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စည်ပင်ကော်မတီဝင်များ
ဈေးကော်မ တီဝင်များနှင့်ဈေးသူဈေးသားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment