Tuesday, February 24, 2015

အမှုထမ်းများ အခြေခံကွန်ပျူတာ သင်တန်းဖွင့်




မကွေး     ဖေဖော်ဝါရီ     ၂၄
          မကွေးတိုင်းဒေသကြီး သမ၀ါယမသင်တန်းကျောင်း(မကွေး)တွင်  မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၆)မြို့နယ်ရှိ သမ၀ါယမဦးစီးဌာနများမှ e – government စနစ်ဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာအသုံးပြုမှုကို စနစ်တကျ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ၀န်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်(Capacity building) ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍(၂၃-၂-၂၀၁၅)ရက်နေ့မှ(၉-၃-၂၀၁၅)ရက်နေ့ထိ သင်တန်းသား (၁၆)ဦးဖြင့် (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည့် အမှုထမ်းများ အခြေခံကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၄-၂၀၁၅)သင်တန်းဖွင့်ပွဲ အခမ်းအနာကို ဖေဖော်ဝါရီ ၂၃ ရက်နံနက်၉ နာရီက သမ၀ါယမ သင်တန်ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမ၀ါယမသင်တန်းကျောင်း ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးနွယ်လတ်မှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး သမ၀ါယမဦးစီးဌာနအဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ ၊သင်တန်းနည်းပြ ဆရာမများနှင့်သင်တန်းသား/သူ များတက်ရောက်ခဲ့ ကြသည်။

          အဆိုပါသင်တန်းတွင် Microsoft Word, Microsoft Excel, Microsoft Powerpoint စသည့် ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ပြိီး သင်တန်းနည်းပြဆရာများအဖြစ် တိုင်းဒေသကြီးသမ၀ါယမသင်တန်းကျောင်းမှ အကြီးတန်းနည်းပြဆရာမများမှ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment