သူများလက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ … (TV Report)
မကွေးမြို့ကို ရောက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ရက်နေ့က ဒေသခံပြည်သူထောင်နဲ့ချီ ကြိုဆိုခဲ့ကြပြီး မကွေးမြို့ကိုလှည့်ပြီး ပညာရေးဥပဒေအကြောင်း ပြောဆိုခဲ့ကြပါတယ်။
အပြည့်အစုံကိုအောက်ပါလင့်အတိုင်းနှိပ်ပါ။
မကွေးမြို့ကို ရောက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ရက်နေ့က ဒေသခံပြည်သူထောင်နဲ့ချီ ကြိုဆိုခဲ့ကြပြီး မကွေးမြို့ကိုလှည့်ပြီး ပညာရေးဥပဒေအကြောင်း ပြောဆိုခဲ့ကြပါတယ်။
အပြည့်အစုံကိုအောက်ပါလင့်အတိုင်းနှိပ်ပါ။
မကွေးမြို့ကို
ရောက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ရက်နေ့က
ဒေသခံပြည်သူထောင်နဲ့ချီ ကြိုဆိုခဲ့ကြပြီး မကွေးမြို့ကိုလှည့်ပြီး
ပညာရေးဥပဒေအကြောင်း ပြောဆိုခဲ့ကြပါတယ်။ ကျောင်းသားရှိရင်...
kamayutmedia.com
မကွေးမြို့ကို ရောက်လာတဲ့
ကျောင်းသားသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ရက်နေ့က ဒေသခံပြည်သူထောင်နဲ့ချီ
ကြိုဆိုခဲ့ကြပြီး မကွေးမြို့ကိုလှည့်ပြီး ပညာရေးဥပဒေအကြောင်း
ပြောဆိုခဲ့ကြပါတယ်။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်လို့
နည်းပညာတက္ကသိုလ်ရှေ့မှာ ကျော်ကိုကို ဘာ့ကြောင့်ပြောခဲ့တာလဲ။
ကျောင်းဝင်းထဲမှာ
ကျောင်းသားနဲ့မဆိုင်တဲ့ ရဲတွေ၊ အက်စ်ဘီတွေ၊ ထောက်လှမ်းရေးတွေရောက်နေတာ
တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာဖြစ်တယ်လို့
မကွေးနည်းပညာတက္ကသိုလ်ရှေ့မှာ ကျော်ကိုကိုက ဟောပြောခဲ့ပါတယ်။ အာဏာရှင်တွေကို
မောင်းမထုတ်သရွေ့ တစ်ဘဝလုံးခေါင်းငုံ့ခံနေရာမှာကြောင့် တို့ခေတ်ရောက်မှ
ကျောင်းသားသမိုင်း ရိုင်းရတော့မှာလားလို့ ကြွေးကြော်ခဲ့ပါတယ်။
ဗြူရိုကရက်ဆန်တဲ့
ဒီပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အားလုံးပူးပေါင်းပါဝင်ကြရေး
တိုက်တွန်းခဲ့သလို ကျောင်းသားတွေရဲ့ နီစွေးတဲ့ခွပ်ဒေါင်းသွေးကို ပြကြပါလို့
ဆိုပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရပ်ဆိုင်းသွားတဲ့ကိစ္စ
အစိုးရပေးတာကိုပဲ ကျောင်းသားကယူရမယ်ဆိုတဲ့ပုံစံ ဦးချိုးနေတာဖြစ်တယ်လို့
ကျော်ကိုကိုက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂နောက်ပိုင်း
ဆက်ရွှေ့ဆိုင်းနေမယ်ဆိုရင် အစာငတ်ခံဆန္ဒပြဖို့ ဝန်မလေးသလို
အမြင့်ဆုံးဖိအားတွေ ပေးသွားမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စနဲ့
လွှတ်တော်က အရေးကြီးအဆိုတွေ ဆုံးဖြတ်ရမှာမို့
လေးပွင့်ဆိုင်ရွှေ့ဆိုင်းလိုက်တာလို့ အစိုးရက အကြောင်းပြတဲ့အကြောင်း
ကိုရဲရင့်ကျော်က ပြောပါတယ်။ နေပြည်တော်မှာ ကျောင်းသားတွေ တည်းခိုခွင့်၊
ဆွေးနွေးပွဲထဲ ဝင်ခွင့်မရတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေကြောင့်
အစိုးရရဲ့မရိုးသားမှု ပေါ်လွင်သွားတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က နောက်ထပ်ရွှေ့ဆိုင်းမှုတွေလုပ်နေရင်
ဧရာဝတီစစ်ကြောင်းအနေနဲ့ ဗဟိုကော်မတီ ၁၅ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့
တစ်သားတည်းရှိနေမယ်လို့ ဟင်္သာတနည်းပညာတက္ကသိုလ်က ကိုမျိုးမင်းဇော်က ဆိုပါတယ်။
0 comments:
Post a Comment