မြို့သစ် ဖေဖေါ်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
ကျန်းမာရေးဦးစီးဌာန အမျိုးသမီး ရေးရာ အဖွဲ့
ဥက္ကဌ ဒေါ်သင်းသင်းကြိုင် နှင့် အဖွဲ့ ဝင်များ
ပူးပေါင်း၍ နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုး
ရောဂါ ကာကွယ်ဆေး ( ဒုတိယ )အကြိမ်ထိုးနှံခြင်း
လုပ်ငန်းများကို ယနေ့ နံနက် ( ၉း ၃၀ ) နာရီက
ကွက်သစ်ရပ်ကွက် ဇေယျမင်္ဂ်လာ ဂတ်ကျောင်း
တွင်း ကျင်းပပြုလုပ်ခဲ့ သည် ။ ။
၂၀၁၅/ခုနှစ် ဖေဖေါ်ဝါရီ ( ၁၉ )ရက်နေ့
ဒုတိယအကြိမ် ထိုးနှံခြင်းမှာ အသက် ( ၉ )လမှ
( ၅ )နှစ် ကလေးငယ်များဖြစ်ပြီး ယခင် ပထမပတ်
တွင် ကာကွယ်ဆေးမထိုး လိုက်ရသေး သည့်
ကျန်ရှိ သေးသော အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း
ကလေးများကိုလည်း ဝက်သက်နှင့်ဂျိုက်သိုးရောဂါ
ကာကွယ်ဆေးများထိုးနှံပေးခဲ့ သည် ။
ဆက်လက်၍ ကျန်းမာရေးဦစီးဌာနမှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း
ရာ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်သင်းသင်းကြိုင် နှင့် မိခင်နှင့်ကလေးစောင့်
ရှောက်ရေးအသင်း တို့ မှ တက်တက်ကြွကြွ
ဝင်ရောက် ပါဝင် ဆောင်ရွက် ခဲ့သည် ။
ထို့ နောက် ကာကွယဆေးထိုး ရန်
လာရောက်ကြသည့် ကလေးမိဘ များ နှင့်
ကလေးငယ်များအားနိုင်ငံတစ်ဝန်း
ဂျိုက်သိုးရောဂါအကြောင်း အကျယ်တဝန့်
နားလည် သဘောပေါက်စေရန် အတွက်
ပညာပေးဇာတ်ကားများ ပြသပေး ခဲ့ ကြောင်း
သိရသည် ။ ။ ။
သန်းဝင်းထွန်း(မြို့သစ်)
0 comments:
Post a Comment