ပွင့်ဖြူ ဖေဖေါ်ဝါရီ ၁
မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် စာပေချစ်သူများက
စာပေဟောပြောပွဲကို ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာ ဘုရားကြီးကွင်းတွင် ဇန်နဝါရီ ၃၁ ရက်နေ့
ည ၇ နာရီခွဲမှ ၁၁ နာရီခွဲထိ စာရေးဆရာကြီးများဖြစ်ကြသော မနုဿကျော်ဝင်း ၊ ချစ်နိုင်(စိတ်ပညာ)
၊ကျော်ကျော်လှိုင်တို့က ဟောပြောကြရာတွင် ဆရာမနုဿကျော်ဝင်း က အသုံးချတတ်ပါစေခေါင်းစဉ်ဖြင့်
လည်းကောင်း၊ ချစ်နိုင်(စိတ်ပညာ)က ကံကောင်းခြင်း
လက်ဆောင်ဖြင့် လည်းကောင်း၊ ဆရာကျော်ကျော်လှိုင်က နိုင်ငံကြီးသားစိတ် ခေါင်းစဉ်ဖြင့်
လည်းကောင်း၊ အသီးသီးဟောပြော ခဲ့ကြရာ ပွင့်ဖြူမြို့နယ်အတွင်းရှိ စာပေချစ်သူများအား စာပေအမြိုက်ကို
အားပါးတရ တိုက်ကြွေးခဲ့ကြောင်း သိရှိရသည်။
မေသန္တာအောင်(ပွင့်ဖြူ)
0 comments:
Post a Comment