Friday, February 27, 2015

တောင်တွင်းကြီး၌ ကြက်ခြံမီးလောင်မှုဖြစ်ပွား !!




မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် မွေးမြူရေးကြက်ခြံရှိ ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် အပူပေးရာမှ ကြက်ခြံမီးလောင်မှုတစ်ခု ယနေ့ ဖေဖေါ်ဝါရီလ(၂၇)ရက် နံနက်(၅)နာရီခွဲ အချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားရာနေရာမှာ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ အပိုင်း(၆)၊ ချောက်ကြားလမ်းသွယ်ရှိ ဦးမြင့်အောင်၏ (၃)ပင်×(၁၁)ပင်၊ သက်ငယ်မိုး၊ ၀ါးခြမ်းကာ၊ ၀ါးကြမ်းခင်း ကြက်ခြံတွင် ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် အပူပေးရာမှ မီးပွားလွင့် စင်၍စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ  မီးလောင်မှုကြောင့် အခင်း(၉)ပေပတ်လည်ခန့်၊ အမိုးပေ(၂၀)ပတ်လည်ခန့်နှင့် ကြက်သားပေါက်ကောင်ရေ(၁၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် (၅)နာရီ(၃၅)အချိန်ခန့် မီးညွန့်ကျိုးခဲ့ပြီး (၅)နာရီ(၄၅)အချိန်ခန့် တွင်မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိ ရသည်။


မီးလောင်မှုကြောင့်လူထိခိုက်ဒဏ်ရာရ ရှိမှုမရှိပဲ မီးပေါ့ဆစွာသုံးစွဲသူ ဦးမြင့်အောင် (သ) ၄၇ နှစ် ၊ (ဘ) ဦးဆယ်မောင်အား တောင်တွင်းကြီးမြို့မရဲတပ်ဖွဲ့စခန်း (ပ) ၅၂/၂၀၁၅ ၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment