Sunday, February 22, 2015

နတ်မောက်မြို့မဈေးတွင် တိုင်းစည်ပင်သာယာရေးအဖွဲ့မှလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



နတ်မောက်     ဖေဖော်ဝါရီ     ၂၂
          မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၄-၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ထားရှိသော လမ်း တံတား ရေပေးရေးလုပ်ငန်းများအား ယမန်နေ့က မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားေ၇းမှူးဦးမောင်မောင်အောင်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးနှင့် လက်ထောက်အင်ဂျင်နီယာ ဦးခိုင်ဇော်မိုးတို့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အဖွဲ့လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် အဖွဲ့ပိုင်မြို့မဈေးကြီးအတွင်း ဈေးသည်များ ကောင်းမွန်စွာဈေးရောင်းချနိုင်မှုနှင့် ဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် (၂)လက်မရေတွင်းကိုလည်းကောင်း၊ဂါလံ(၈၀၀)ဆံ့ရေစင်(၂)လုံး၊ ဂါလံ(၅၀၀၀)ဆံ့ရေစင်၊ ဂါလံ(၁၂၀၀)ဆံ့ရေစင်နှင့်ဒိုင်းရှင်း(၃)လုံး၊ ဈေးအတွင်းရေငုတ်(၉)ငုတ်တို့ကို  လည်းကောင်း ၊လိုက်လံကြည့်ရှု့စစ်ဆေးပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံပြုပြင် ဆောင်ရွက်ထားရှိမှုများကိုလည်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းညွှန်မှာကြားသွားကြောင်းသတင်းရရှိသည်။
လှဝင်း (နတ်မောက်)

0 comments:

Post a Comment