Tuesday, February 24, 2015

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်သားကျွမ်းကျင်သင်တန်းများပေး

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အမှတ် ၅ စက်မှုသင်တန်းကျောင်း ( မကွေး) မှ တာဝန်ယူဖွင့်လှစ်သည့် သံဂဟေဆက်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို မင်းလှမြို့နယ် မယ်ဇလီတောရွာတွင် ၂၃.၂ .၂၀၁၅ ရက်နေ့မှာကျင်းပကြောင်း SME(မကွေး)မှ သတင်းရရှိသည်။

သင်တန်းကာလ (  ၁၁ )ရက်ကြာမြင့်ပြီး ပန်းတော်ပြင် မလွန် ဘက်စုံ ဥယျာဉ် စမ်းအိုင် မယ်ဇလီတော တို့မှ သင်တန်းသားဦးရေ စုစုပေါင်း (၃၀) ဦး ကိုသင်ကြားပေးခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ အမှတ် (၃၈) အကြီးစားစက်ရုံ  (  မလွန် )မှ အထွေထွေမန်နေဂျာ ဦးအောင်စိုးဝင်း , စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်မြင့်မြင့်သိန်း,  အမှတ် ( ၅ ) စက်မှုသင်တန်းကျောင်း မကွေးမှ ကျောင်းအုပ်ကြီးဦးသန့်စင် နှင့် တာဝန်ရှိသူများ သင်တန်းဆရာများ မင်းလှမြို့နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့်  မြို့နယ်ဖွံ့ဖြိုးရေးနှင့် အ ထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ မြို့မိမြို့ဖများ သင်တန်းသား စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့  ကြသည်။

သင်တန်းတွင်သင်ကြားခဲ့သည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ စာမေးပွဲဖြေဆိုကြရပြီး ပထမ ဒုတိယ တတိယ ရရှိသူ (  ၃ )ဦးကို ဆုများချီမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

မြေလတ်မီဒီယာ

0 comments:

Post a Comment