Tuesday, February 17, 2015

လောက်ကိုင် ရှင်းတမ်း - ၃ ( မြန်မာပြည်အတွက် အရေးကြီးသတင်းဖြစ်၍ မြေလတ်မီဒီယာ မှာဖော်ပြပေးရပါသည်။)

Ye Moe added 2 new photosfeeling brave.
8 hrs · Edited ·
လောက်ကိုင် ရှင်းတမ်း - ၃
==============
လောက်ကိုင်သို့  ရောက်ရှိလာသည့် …
စကခ ၁၆ တပ်များသည် …
ညတွင်းချင်းပင် …
တပ်ဖြန့် ခွဲနေရာချမှုများ ပြုလုပ်ကြသည် ….
တပ်ရင်း ၁ရင်းမှာ ...
ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား …
ဆက်သွယ်ရေး လမ်းကြောင်း ..
အချက်အချာနေရာများတွင် …
ဝင်ရောက် နေရာယူလိုက်သည် …
ထိုအချိန်တွင်ပင် …
လားရှိုးမှ ချီတက်လာသော …
စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၂ ရင်းလည်း …
လောက်ကိုင်သို့  ရောက်ရှိလာပြီ ဖြစ်သဖြင့် …
ပိတ်ဆို့ ခံနေရသော တပ်ရင်းများအား ကယ်ထုတ်ရန် ….
တပ်ရင်း ၃ရင်းမှာ ညတွင်းချင်းပင် …
တာရွှေထန်သို့  ဆက်လက်ချီတက်ရာ …
၀၄ ၃၀ ချိန် ခန့် တွင် …
တာရွှေထန်သို့  ရောက်ရှိသွားသည် …
သံလွင်မြစ်အား …
တာပါးမှ ဖြတ်ကျော်ပြီးဝင်ရောက်လာသော …
စကခ ၁၆ တစ်ဗျူဟာ သုံးရင်းမှာလည်း …
မနက် လင်းအားကြီး အချိန်ခန့် တွင် …
ကုန်းကြမ်းရှိ ခလရ ၁၂၅ ဋ္ဌာနချုပ်သို့  ရောက်ရှိလာခဲ့ပြီး …
ရမခ ကွပ်ကဲမှုအောက်ရှိ စစ်ကူစစ်ကြောင်း …
ခလရ ၁၃၄ အား တိုက်ခိုက်နေသည့် ရန်သူများအား …
ဝင်ရောက် လုံးထွေးတိုက်ခိုက်ရာ …
ရန်သူများ ဆုတ်ခွာသွားပြီး …
မိမိ ခလရ ၁၃၄ စစ်ကြောင်းနှင့် ….
ပြန်လည်ပူးပေါင်းမိသွားလေသည် ….
သို့ သော် …
ကနဦး စတင် တိုက်ပွဲဖြစ်ပွားခဲ့သော ….
ခလရ ၁၂၅ စစ်ကြောင်းမှာ …
လမ်းကြောင်းတွင် ...
ပိတ်ဆို့ တိုက်ခိုက်ခံနေရဆဲ ဖြစ်သည် ….
တာရွှေထန်သို့  ၀၄ ၃၀ ချိန်တွင် ရောက်ရှိလာသော …
တပ်ရင်း ၃ရင်း အနက်မှ …
ခမရ ၅၂၂ စစ်ကြောင်းသည် …
ပိတ်ဆို့ ခံ ခလရ ၁၂၅ စစ်ကြောင်းအား ကယ်ထုတ်ရန် …
ချက်ချင်းပင် ဆက်လက်ချီတက်လေသည်…
ခလရ ၁၂၅ စစ်ကြောင်း ခုခံတိုက်ခိုက်နေသည်မှာ …
၁၈ နာရီ ခန့် ကြာမြင့်နေပြီ ဖြစ်သဖြင့် …
အလျင်အမြန် ချီတက်ကြရာ …
၀၆ ၃၀ ချိန့် ခန့် တွင် …
၁၈ မိုင် လမ်းဆုံ အနီး၌
ကြိုတင်နေရာယူစောင့်ဆိုင်းနေသော …
ရန်သူ အင်အား ၄၀၀ ခန့် ၏ ခြုံခို တိုက်ခိုက်ခြင်းကို …
အငိုက်မိ ခံရလေတော့သည် ….
ခမရ ၅၂၂ စစ်ကြောင်းအား ...
တိုက်ခိုက်သော ရန်သူများသည် …
လမ်း၏ မျက်နှာမူရာ နှင့် ...
ဘေးဘက်ရှိ တောင်ကုန်းများပေါ်တွင် …
ပစ်ကျင်းများတူးကာ ...
အသင့်နေရာယူထားခြင်းဖြစ်သည် …
ခမရ ၅၂၂ သည် စတင်ပစ်ခတ်ခံရသည်နှင့် …
ကားများပေါ်မှ အလျှင်အမြန်ဆင်းကာ…
နေရာယူ ပြန်လည် ပစ်ခတ်လေသည် …
သို့ သော် …
ရန်သူ၏ ပစ်ခတ်မှုမှာ ပြင်းထန်လှသဖြင့် …
စစ်သည်အချို့  ကားပေါ်တွင် ကျဆုံးပြီး …
တပ်ရင်းမှူး ဦးစီး အဖွဲ့  မှာ လမ်းညာဘက်ရှိ လျိုအတွင်း …
ဒု ရင်းမှူး ဦးစီး အဖွဲ့ မှာ …
လမ်းဘယ်ဘက် ရေနူတ်မြောင်းအတွင်းမှ …
ရန်သူကို ခုခံနေရတော့လေသည် …
ရန်သူကား စက်လတ်နှင့် ဒုံးပစ်လောင်ချာများကို …
ဖောဖောသီသီ သုံးကာ …
စစ်ကြောင်းတစ်ခုလုံးကို ပစ်ခတ်ထိန်းချုပ်ထားပြီး …
တောင်ပေါ်မှ လက်ပစ်ဗုံးများ တောက်လျောက် လှိမ့်ချလေသည် …
မိမိ စစ်ကြောင်းတစ်ခုလုံး ...
ရန်သူ့ ပစ်အားအောက်တွင် …
ရုန်းထွက်၍ မရနိုင်တော့ပေ …
လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ ခံနေရသော …
ခလရ ၁၂၅ စစ်ကြောင်းမှာ …
တာပါးဘက်မှ တက်လာသည့် …
ခလရ ၁၄၃ နှင့် စကခ ၁၆ စစ်ကူတပ်များ ..
ဆက်လက်ချီတက်လာမှုကြောင့် …
ရန်သူ များ စတင်ဆုတ်ခွာ သွားသဖြင့် …
မိမိ တပ်များ နှင့် ၁၀ ၃၀ ချိန့် တွင် …
ပြန်လည် ပူးပေါင်းမိသွားလေသည် …
တာရွှေထန်တွင် ကျန်ခဲ့သည့် …
စကခ ၁၆ လက်အောက်ခံ ခလရ ၆၈ သည် …
တိုက်ပွဲ ဖြစ်ပွားသံကြားသည်နှင့် …
ဆက်သွယ်ရေးစက်ကို ဖွင့်ကာ …
တောက်လျောက် နားထောင်နေသည် …
သို့ သော် …မည်သည့် အဆက်အသွယ်မှ မကြားရသဖြင့် …
ခမရ ၅၂၂ သို့ ဆက်သွယ်ရာ ..
အဆက်အသွယ် မရရှိခဲ့ပေ …
သို့ ဖြစ်ရာ ...
ရတ ခလရ ၆၈ ...
ခေတ္တရင်းမှူး ဗိုလ်မှူး ၀င်းထွန်းအောင်သည် …
စကခမှူးထံ အခြေအနေကို တင်ပြပြီး …
ချက်ချင်းပင် စစ်ကူလိုက်လေတော့သည် …
စစ်ကူစစ်ကြောင်းသည် …
၀၉ ၀၀ ချိန်ခန့် တွင် ….
တိုက်ပွဲ ဖြစ်ပွားရာ ဧရိယာအတွင်းသို့ …
စတင်ဝင်ရောက်လာရာ…
ကိုက် ၅၀၀ ခန့် အကွာအရောက်တွင် …
ရန်သူ့  စက်သေနတ်ကြီး ၏ စတင်ပစ်ခတ်မှုကို ခံရပြီး …
အာပီဂျီများဖြင့် တလစပ်ပစ်ခတ်မှု ကြောင့်….
ပွိုင့် တပ်စုမှ အရာရှိမှာ …
ချက်ချင်းဒဏ်ရာရရှိသွားလေသည် ….
ခလရ ၆၈ ခေတ္တရင်းမှူး ဗိုလ်မှူးဝင်းထွန်းအောင်သည် …
စစ်ကြောင်း ၂ အား …
လမ်း၏ ဗယ်ဘက်တောင်ကုန်းပေါ်သို့  …
တက်ရောက်နေရာယူစေခဲ့ပြီး …
ရင်းမှူး ဦးစီး စစ်ကြောင်း ၁မှာ ...
ညာဘက်တောင်ကြောပေါ်သို့ …
ချက်ချင်း တက်ရောက်နေရာယူခဲ့သည် …
ချက်ချင်းဆိုသလိုပင် …
စစ်ကြောင်းရုံး နှစ်ခုမှ ၈၁ မမ စိန်ပြောင်းများက …
ရန်သူ နေရာယူထားသော ကုန်းများအား …
တန်ပြန် ပစ်ခတ်ကြရာ …
အောက်ဘက်တွင် ပိတ်မိနေသော …
ခမရ ၅၂၂ မှာ အတော်အတန် …
သက်သာရာ ရရှိသွားလေသည် ….
ထိုအချိန်တွင် ခမရ ၅၂၂ ပိတ်မိနေသည်မှာ …
၅ နာရီခန့် ကြာမြင့်သွားပြီ ဖြစ်ပြီး …
ရန်သူ့  ကျားထိုးမှုကို သုံးကြိမ်ခန့်  …
ခုခံတွန်းလှန်ခဲ့ ပြီး ဖြစ်လေသည်…
ထိုအချိန်တွင်ပင် ….
ဆက်သွယ်ရေးစက်မှ ...
စစ်ကြောင်းအားလုံး နေရာယူထားရန် နှင့် ...
ပစ်မှတ်ကို ညွှန်ပြပေးရန် စက်သံတစ်ခု ပေါ်လာသည် ….
၁၁၃၀ ချိန်ခန့်  ...
မြူနှင်းများ ကောင်းစွာကွဲသွားပြီ ဖြစ်သဖြင့် …
လေကြောင်း ပစ်ကူများ ရောက်ရှိလာပြီ ဖြစ်သည် ….
ရန်သူနေရာယူထားသော တောင်စောင်းများတစ်လျောက် ….
ရော့ကက်များ ထိမှန်ပေါက်ကွဲပြီးမှ ….
MI 35 ရဟတ်ယာဉ်များကို စတင်မြင်တွေ့ ရသည် …
ထို့ နောက် …. စက်အမြောက်များဖြင့် …
နောက်တစ်ခေါက် … နောက်တစ်ခေါက် ….
သို့ သော်လည်း …
ရန်သူသည် ပစ်ကျင်းများအတွင်း …
ကောင်းစွာ နေရာယူထားသဖြင့် …
အထိအခိုက် အရှအနာကား …
မပြောပလောက်ပေ …
ခလရ ၆၈ ခေတ္တတပ်ရင်းမှူး သည် …
အခြေအနေကို သုံးသပ်ပြီး ခွဲရုံး နှစ်စုအား …
ညာဘက်မှ ပတ်ကာ လျိုအတွင်းမှ ချဉ်းကပ်ပြီး …
ခမရ ၅၂၂ ဒုရင်းမှူး နှင့် အဖွဲ့ ...
ပိတ်မိနေသော ကားလမ်းအနီးသို့  …
အရောက် ထိုးဖောက်ရန် အမိန့် ပေးလိုက်သည် ….
ရန်သူမှာ မြေအနေအထားအရ ….
အလွန်ကောင်းမွန်နေသဖြင့် …
ထိုးဖောက်နေသော တပ်ခွဲမှာ …
အတော် ခက်ခက်ခဲခဲ ချီတက်နေရလေသည် ….
တစ်ကြိမ်တွင်မူ…
လမ်းနားထိ ရောက်လာခါနီးမှ …
ရန်သူ ဒုံးပစ်လောင်ချာများ စုပြုံပစ်ခတ်သဖြင့် …
နောက်ပြန်လန်ကျလာခဲ့သည် …
လေကြောင်း ပစ်ကူ သုံးကြိမ်တိုင် ပစ်ခတ်ခဲ့သော်လည်း …
ရန်သူ မှာ ဆုတ်ခွာမှု မရှိသေး ….
အပေါ်စီးမှ ကောင်းစွာပစ်ခတ်နိုင်ဆဲ ဖြစ်သည် …
ဗိုလ်မှူး ၀င်းထွန်းအောင် သည် …
စစ်ကြောင်းရုံးမှ စက်လတ်နှင့် ဒုံးပစ်လောင်ချာများအား …
အရှေ့ တွင် ထိုးဖောက်နေသည့် ခွဲရုံးသို့ ပို့ ပေးလိုက်ပြီး …
တပ်ခွဲအား ဦးနှိမ်ပစ်ခတ်နေသော ….
ကားလမ်းအထက်ရှိ ရန်သူအား …
အနီးကပ် စုပြုံပစ်ခတ်စေသည် …
တစ်ချိန်တည်းမှာပင် …
စစ်ကြောင်းရုံး ရှိ မော်တာများကလည်း …
အပြင်းအထန် ပစ်ခတ်ရာ …
ည သန်းခေါင် ၃နာရီ အချိန်ခန့် တွင် …
စစ်ကူ တပ်ခွဲမှာ ...
ကားလမ်းမအနီးသို့  မေးတင်မိသွားလေသည် …
ထိုအချိန်တွင် …
ပိတ်ဆို့ ခံနေရသော ခမရ ၅၂၂ မှာ …
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့သော …
ရန်သူ့  လုံးထွေးမှုကို …
ခုခံ တွန်းလှန်နေဆဲ ဖြစ်သည် ….
မိမိဘက်မှ ကံကောင်းသည့် အချက်မှာ ...
ခမရ ၅၂၂ အား ရန်သူ ကျားတက်ထိုးတိုင်း ...
ခလရ ၆၈ စစ်ကြောင်း ၁ ၊ ၂ ...
စစ်ကြောင်းရုံးများမှ ...
ဒုံးပစ်လောင်ချာများဖြင့် ၀ိုင်းဝန်းပစ်ခတ်သဖြင့် ...
ရန်သူ့ ထိုးစစ် အရှိန် ...
အားပျော့ပျော့ သွားခြင်း ဖြစ်သည် ...
ကားလမ်းမအား မေးတင်မိသွားသော …
ခလရ ၆၈ တပ်ခွဲသည် …
ကားလမ်းနှင့် အနီးဆုံးကုန်းအား …
၀၃ ၃၀ ချိန်တွင် ကျားတက်ထိုးရာ ….
ပြန်လည် လန်ကျလာခဲ့သည် …
၀၄၀၀ ချိန်တွင် ခေတ္တတပ်ရင်းမှူး၏ ကွပ်ကဲမှုဖြင့် …
စစ်ကြောင်း နှစ်ကြောင်းလုံးမှ …
လက်နက်ကြီးများဖြင့် ၀ိုင်းဝန်းပစ်ခတ်ကြပြီး …
အသေခံ တက်လုံးရာ …
ကုန်းပေါ်မှ ရန်သူများအားလုံး ဆင်းပြေးရလေတော့သည် …
၀၄၃၀ ချိန်ခန့် တွင် …
ခမရ ၅၂၂ မှ ခုခံနေသည့် ဒုရင်းမှူး စစ်ကြောင်းနှင့် ….
ထိုးဖောက်ဝင်ရောက်လာသော …
ခလရ ၆၈၏ စစ်ကူတပ်ခွဲတို့  ပူးပေါင်းမိသွားပြီ ဖြစ်သည် …
တစ်ဆက်တည်းမှာပင် …
စစ်ကြောင်း ၂ မှ ....
လက်နက်ကြီးပစ်ကူပေးထားပြီး .…
ဗိုလ်မှူးဝင်းထွန်းအောင်၏ စစ်ကြောင်း ၁ မှ....
ရန်သူ့ တောင်ကုန်းများအား တက်လုံးရာ ....
ရန်သူများ စတင် ဆုတ်ခွာရလေတော့သည် …
၀၆၀၀ ချိန်ခန့် တွင် …
စစ်ကူ ခလရ ၆၈ နှင့် ခမရ ၅၂၂ တို့ …
အားလုံး ပူးပေါင်းမိသွားပြီ ဖြစ်သည် ….
ခလရ ၆၈ ခေတ္တရင်းမှူးသည် …
စစ်ကြောင်း ၁ အား ...
ဘေးပတ်လည်ကုန်းများတွင် …
ယာယီ ခံစစ်ပြင်စေခဲ့ပြီး …
စစ်ကြောင်း ၂ အား လူနာများကို ထမ်းပိုးကာ…
တာရွှေထန် အနီးရှိ ကားများရှိရာသို့  …
ချက်ချင်း သယ်ထုတ်စေခဲ့သည် ….
ကျဆုံး စစ်သည်များ၏ အလောင်းနှင့် လက်နက်များအား…
ပိုက်စိတ်တိုက် ရှာဖွေသယ်ယူခဲ့ပြီး …
၁၁ ၃၀ ချိန်ခန့် တွင် ပြန်လည် ဆုတ်ခွာလာခဲ့ရာ …
၁၅၀၀ ချိန်ခန့် တွင် …
တာရွှေထန်သို့  ပြန်လည်ရောက်ရှိ အခြေပြုနိုင်ခဲ့သည် …
ထိုတိုက်ပွဲတွင် …
ခမရ ၅၂၂ မှ စစ်သည် ၁+၂၉ ဦးကျဆုံးကာ …
၈ + ၃၉ ဦး ဒဏ်ရာရရှိခဲ့ပါသည် …
ခလရ ၆၈ စစ်ကူ စစ်ကြောင်းမှ …..
မိမိ စစ်သည်အားလုံး၏ …
အလောင်း နှင့် လက်နက်များ ..
တစ်ခုမကျန် ပြန်လည်သယ်ယူနိုင်ခဲ့ပါသည် ….
No Men Left Behind …. ။ ။
( ရဲမိုး )


0 comments:

Post a Comment