Monday, February 9, 2015

ပန်ကာထက်က၀က်အူများကို သက်ကြီးသတင်းထောက်များနှင့် နယ်သတင်းထောက်များက ရင်ဖွင့်ပြီ

အပတ်စဉ်ထုတ်ဂျာနယ်တစ်ချို့မှ အဓိကတာဝန်ရှိသူအချို့၏ တရားဝင်ခန့်အပ်ထားသော
ဂျာနယ်သတင်းထောက်များအပေါ် တရားမျှတမှုမရှိသော မတရားလုပ်ဆောင်
နေမှုများကို သက်ကြီးသတင်းထောက်များနှင့် နယ်သတင်းထောက်များက
ရင်ဖွင့်ပြောကြားလာတာကတော့ ဦးက အသက် ၆၀ အရွယ် နယ်သတင်းထောက်တစ်ဦးပါ။
ဒီအကြောင်းပြောရမှာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မပြောမဖြစ်လို့
ပြောရမှာပါ။ ဦးကအပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှာ နယ်သတင်းထောက်အဖြစ်
တရားဝင်တာဝန်ထမ်းဆောင် သတင်းရေးသားဖော်ပြနေသူပါ။ ဦးရေးသားပေးပို့ပြီး
အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖော်ပြခံရသော သတင်းစာမူခများ ဆယ်လကျော်
ရေးသားဖော်ပြခံရသော သတင်းများ၏ စာမူခ ချီးမြှင့်ငွေ တစ်သိန်းကျော်ကို
နှစ်ကုန်ခါနီးအချိန်တွင် ဦးက ဂျာနယ်ရုံးသို့ ဖုန်းဖြင့်ဆက်သွယ်၍
လွှဲပေးရန် စာမူခ တောင်းခံ
ရာ တာဝန်ခံအယ်ဒီတာမှ ဦးစာမူခများကို မိမိသဘောဆန္ဒဖြင့်
ထုတ်ယူသုံးစွဲထားကြောင်း ၄င်းဂျာနယ်ရုံး၏ ငွေစာရင်းတာဝန်ခံမှ
ပြန်လည်ပြောဆို ဖြေကြားခဲ့သည်။


၎င်းအပြင် အခြားနယ်သတင်းထောက်များ၏ စာမူခများကိုလည်း တာဝန်ခံအယ်ဒီတာက
နယ်သတင်းထောက်များ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ မိမိသဘောဖြင့်
ထုတ်ယူသုံးစွဲထားကြောင်း ငွေစာရင်းတာဝန်ခံမှ ဆက်လက်ပြောကြားခဲ့သည်။
ဘယ်ဂျာနယ်ဆိုတာတော့ ပုဂ္ဂိုလ်ရေးအရ ထုတ်ဖော်မပြောလိုတော့ပါဘူး။ ကာယကံရှင်
သိမှာပါဟု တောင်တွင်းကြီးမြို့မှ အသက် ၆၀ အရွယ်ရှိ နယ်သတင်းထောက်
ဦးစိုးမင်း ၊ ကလောင်အမည် ဦးစော်ဘွားကြီး က သူ့ခံစားရမှုများကို
ရင်ဖွင့်ပြောကြားခဲ့သည်။


ထို့နောက်မှာတော့ ၄င်း၏ စာမူခငွေကြေး တစ်သိန်းကျော် ထုတ်ပေးပြီးနောက်မှာတော့ ၄င်း၏သတင်းစာမူများကို တာဝန်ခံအယ်ဒီတာမှ လုံးဝ
သတင်းထည့်မပေးတော့
သဖြင့် ၄င်းနယ်သတင်းထောက်မှ ခြောက်ပတ်မြောက်ရောက်သောအခါ တာဝန်ခံ
အယ်ဒီတာထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ခံ အယ်ဒီတာမှ
စာမူကောင်းလျှင်
ထည့်ပေးမည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း တာဝန်ခံ အယ်ဒီတာ၏ ယင်းသို့
ဖြေကြားမှုအပေါ် ၄င်းနယ်သတင်းထောက်မှ ဦး ယခင်က သတင်းတွေ အပတ်စဉ်
ရေးသားခဲ့တာ နှစ်ပေါက်လို့ စာမူခတောင် တစ်သိန်းကျော် ရခဲ့နေပြီ။
အခုစာမူခတောင်းပြီး နောက်ပိုင်းကျမှ စာမူကောင်းလျှင် ထည့်ပါမယ်ဆိုတော့
အကြောင်းပြချက်က
မခိုင်လုံဖူးလေ။ သံသယ၀င်စရာ ဖြစ်ပေါ်လာတော့ ဦးအနေနဲ့ စာရေးရတာ
စိတ်ဓာတ်ကျလာတယ်။ ဒါကြောင့် အခုတော့ အဲ့ဒီဂျာနယ်ရုံးကို စာမူများ
ပေးပို့ခြင်း မရှိတော့
ကြောင်း ဒီလိုဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း၊
ဒီလိုဖြစ်ရပ်မျိုးတွေက စာပေလောကမှာ လုံးဝ မထင်ထားမိကြောင်း ဒီလိုသာဆို
တခြားနယ်သတင်းထောက်
တွေလည်း စိတ်ဓါတ်ကျလာနိုင်တယ်။ စိတ်ဓာတ်ကျလာလျှင် ပြည်သူ့အကျိုးပြု
သတင်းတွေ စာမျက်နှာပေါ်မှာ လျော့လာနိုင်ပြီး ပြည်သူတွေအတွက် တွေးပြီး
စိတ်မကောင်း
ဖြစ်မိပါတယ်ကွာဟု အထက်ပါ နယ်သတင်းထောက်က ဆက်လက်ရင်ဖွင့်ပြောကြားခဲ့သည်။


အလားတူ နှစ်ပေါင်း ၆၀ နီးပါး ကဗျာ ဆောင်းပါးများကို ယနေ့တိုင်
ရေးသားနေသူ အသက် ၉၀ ရှိ ၀ါရင့်စာရေးဆရာကြီး ဦးကျော်သိန်း ကလောင်အမည်
သဇင်သိန်းတောင်တွင်းကြီးကလည်း ဆရာကြီးက သားသမီးတွေက
ဖခင်ကို စားဖို့ မုန့်ဖိုးလေးတွေက ဖဲ့ပြီး ဆောင်းပါးတွေ ရေးပို့နေတာပါ။
ဒီလိုရေးတယ်ဆိုတာကလည်း ဆရာကြီး ငယ်ငယ်ကတည်းက စာပေ၀ါသနာ ကြီးခဲ့တာတွေ
ပြည်သူတွေကို အကျိုးပြုတဲ့ ပညာပေးစာတွေကို ဆရာကြီးရဲ့နောက်ဆုံး နား၊
မျက်စိ၊ လက် လှုပ်နိုင်သရွှေ့ တာဝန်တစ်ရပ်အနေနဲ့ ရေးသားသွားမယ်ဆိုတဲ့
ခံယူချက် ချခဲ့တာကြောင့် ယနေ့အထိ ရေးနေတာပါကွာ။ ဆရာကြီး စားဖို့ ၀တ်ဖို့
မပါပါဘူး။ ချမ်းသာဖို့ဆိုတာကတော့ စာရေးသူတိုင်း သိပြီးသားမို့
မပြောတော့ပါဘူး။
ဆောင်းပါးတစ်ပုဒ်ရေးပို့လျှင် စာပို့ခက စာတိုက်မှာ ၅၀၀/၇၀၀/၉၀၀
ကျပ်ပေးရတယ်ကွ။ ရေးသားတဲ့ဆောင်းပါးပါတယ်လို့ ဘေးကပြောလျှင် ဂျာနယ်ဝယ်တာက
၅၀၀ ကျပ် ပေးရတယ်။ အဲ့ဒီလိုဆိုတော့ ဆောင်းပါးတစ်ပုဒ် ရေးပို့လျှင်
မုန့်ဖိုးထဲက ၁၅၀၀ ကျပ်လောက်ကုန်တယ်။ ဂျာနယ်တိုက်က ဆရာကြီးရေးလို့
ပါလာတဲ့
စာမူခငွေ တစ်ပြားတစ်ချပ်မှ မပေးဘူးကွာ။ အဲ့ဒါတော်တော်ဆိုးပါတယ်။
မဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဘယ်ဂျာနယ်ဆိုတာကတော့ ဆရာကြီး
ထုတ်မပြောတော့ပါဘူး။
ဆရာကြီးတို့က အသက် က ရလာပြီဆိုတော့ ဇရာကဖော်ကလာပြီ။ စက်တွေက
ပျက်နေပါပြီကွာ။ ဒီတော့ သားသမီးလေးတွေရဲ့ ပေးတဲ့ကမ်းတဲ့ထဲက
မုန့်ဖိုးလေးတွေ
ဖဲ့ပြီးရေးပေးနေတာလေ။ အခုလိုဆိုတော့ စာရေးရတာ စိတ်ဓါတ်ကျလာပြီ။
ဘေးပတ်ဝန်းကျင်ကမေးတော့လည်း ပတ်ဝန်းကျင်က တစ်ပြားမှမရဘဲ ရေးပေးနေတာ
ဆိုပြီး အထင်သေးခံနေရပါတယ်ကွာ။ ဒီလိုသာဆို တခြားစာရေးသူတွေလည်း
စိတ်ဓါတ်ကျလာနိုင်တယ်။ စိတ်ဓါတ်ကျလာလျှင် ပညာပေး စာပေတွေ စာမျက်နှာ
ပေါ်မှာ လျော့နည်းလာနိုင်ပြီး အနာဂတ်ကလေးတွေအတွက်
စိတ်မကောင်းဖြစ်မိလို့ပါဟု ၂၀၁၃ ခုနှစ် မေလ ၂၉ ရက် နံနက် ၉း၀၀ အချိန်က
၎င်း၏ ခံစားချက်ကို
စာရေးသူအား ရင်ဖွင့်ပြောကြားခဲ့သဖြင့် စာရေးသူမှ ဂျာနယ်တွင်
ရေးသားဖော်ပြခဲ့မှုအား ယခုအခါ စာရေးသူများ၏ ဖြစ်စဉ်များမှာ
တိုက်ဆိုင်နေသဖြင့် ထပ်မံရေးသား
ဖော်ပြပါသည်။

အလားတူ နယ်သတင်းထောက်တစ်ဦးကလည်း အပတ်စဉ်
ဂျာနယ်တစ်စောင်တွင် ၄င်း၏ ဆောင်းပါးနှင့် သတင်းများ ဖော်ပြပါရှိသော
စာမူခငွေအား
ဂျာနယ်ရုံးသို့ သွားရောက်ထုတ်ယူရာ ဂျာနယ်ရုံး တာဝန်ရှိသူများက ဂျာနယ်မှာ
အရှုံးပေါ်၍ ရပ်လိုက်သောကြောင့် စာမူခ ထုတ်မပေးနိုင်တော့ကြောင်း
ပြောသဖြင့်
၃ လ အတွင်း ၄င်းရေးသားပါရှိသော ဆောင်းပါးနှင့် သတင်းစာမူခ မရရှိသဖြင့်
နယ်မှ ရန်ကုန်သို့ သွားရောက်သည့် လမ်းစရိတ်များ အကြွေးတင်ခဲ့ခြင်းသာ
အဖတ်တင်ကျန်ခဲ့ကြောင်း ပြောပြသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ တာဝန်ခံအယ်ဒီတာ၊ တောင်တွင်းကြီးမြို့။

မှတ်ချက် ။ ။ ဤဆောင်းပါး သတင်းအား အခြားဂျာနယ်များတွင် မဖော်ပြသေးလျှင် မြေလတ်မီဒီယာ ဂျာနယ် အမှတ်(၄) မှာထပ်မံဖော်ပြပေးပါမည်။

0 comments:

Post a Comment