Tuesday, February 10, 2015

ဆိုင်ကယ်ခိုးမှု ကွင်းဆက်များ ဖော်ထုတ်ဆောင်ရွက်




မကွေး     ဖေဖော်ဝါရီ    

          မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစိတ်မှ ရဲအုပ်မျိုးနိုင်နှင့်အဖွဲ့သည် ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မပေါ်ပေါက်သေးသောအမှုများအား ကူညီစုံစမ်းဖေါ်ထုတ်ရန်အတွက် သက်သေများနှင့်အတူ မကွေးမြို့ပေါ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် မကွေးမြို့ပြည်တော်သာလမ်းနှင့်ခွါညိုလမ်းထောင့်အနီး သဘာဝ လက်ဘက်ရည်ဆိုင်၊ဆိုင်ကယ်ပွဲစားဝိုင်း တွင် မသင်္ကာလူငယ်တစ်ဦးမှSHANYAN  110 နီ/နက်ကြား ဆိုင်ကယ်(၁)်စီးအားကာလတန်ဘိုးထက် ဈေးနိမ့်၍ ငွေကျပ် ၁၃၀၀၀၀ိ/-ဖြင့် လိုက်လံရောင်းချနေကြောင်း သတင်းအရစစ်ဆေးခဲ့ရာ သန်းထိုက်အောင်(၂၀)နှစ် ကျဘမ်း(ဘ)ဦးဌေးဝင်း ဥယျာဉ်ကျေးရွာ စလေ-ချောက်မြို့နယ် နေသူဖြစ် ကြောင်းသိရှိရပြီး  ၄င်းလာရောက်ရောင်းချသော ဆိုင်ကယ်အား ကာလတန်ဘိုးထက်ဈေးနိမ့်၍ ရောင်းချ နေသည်မှာ မှန်ကန်ပြီး အခြားသောမြို့နယ်များမှလည်း ဆိုင်ကယ်များ ခိုးယူမှုများရှိနိုင်သေးကြောင်း မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခေါ်ဆောင်၍ ကွင်းဆက်ဖေါ်ထုတ်စစ်ဆေးရာ လွန်ခဲ့သော ၃ ရက်ခန့်က ပွင့်ဖြူမြို့ပေါ်တစ်နေရာမှSHANYAN  110 နီ/နက်ကြားဆိုင်ကယ်(၁)စီး၊လွန်ခဲ့သော(၂)ရက် ခန့်က နံပါတ်မပါ JAILING Super Cup 90 အမျိုးအစား ကျောက်စိမ်းရောင် ဆိုင်ကယ်(၁)စီး၊လွန်ခဲ့သော (၁၀)လခန့်က မကွေးမြို့ တောင်တွင်းလမ်းနှင့်မေတ္တာလမ်းထောင့်အနီးရှိ ဂိုဒေါင်အတွင်းမှYINXIANG-110 အစိမ်းရောင်ဆိုင်ကယ်(၁)စီး၊လွန်ခဲ့သော(၁၅)ရက်ခန့်က ချောက်မြို့အမှတ် ၈ ရပ်ကွက် အနော်ရထာတံတား အနီးမှ TATA Star 125 နီနက်ကြား ဆိုင်ကယ် (၁)စီး၊လွန်ခဲ့သော (၈)လခန့်က ချောက်မြို့ အဝေးပြေးကားကြီးကွင်းအတွင်းမှ JIAFA -110 အမျိုးအစားအစိမ်းပုတ်ရောင်ဆိုင်ကယ်(၁)စီး ၊ ၂၀၁၄ခုနှစ်(၆)လပိုင်းခန့်က သရက်မြို့နယ်အတွင်းမှBONUS-110 နီနက်ကြားဆိုင်ကယ်(၁)စီး၊၂၀၁၄ ခုနှစ် (၁၁)လပိုင်းခန့်က ဆင်ဖြူကျွန်းမြို့ အမည်မမှတ်မိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှDream TOYOMAX 110 အပြာရောင်ဆိုင်ကယ်(၁)စီး၊၂၀၁၄ ခုနှစ်(၆)လပိုင်းခန့်က ဆိပ်ဖြူမြို့နယ် ရေပုတ်ကျေးရွာအိမ်တစ်အိမ် ရှေ့မှ KENBO-110 အစိမ်းရောင်ဆိုင်ကယ်(၁)စီး၊၂၀၁၄ခုနှစ်(၈)လပိုင်းခန့်က စလေမြို့ ဓါတ်မြေသြဇာ စက်ရုံအပေါက်ရှေ့ ရပ်ကွက်ထိပ်လိုင်းခန်းတစ်ခုရှေ့မှHONDA-125အနီရောင်ဆိုင်ကယ်တစ်စီး၊၂၀၁၄ခုနှစ် (၇)လပိုင်းခန့်က ရေနံချောင်းမြို့ပန်းခြံတစ်ခုအတွင်းမှ YINXING-110 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း (၁၀)စီး ဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာအပိုင်ရဲစခန်းအလိုက် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment