Wednesday, February 4, 2015

လူထုနဲ့ ကျောင်းသားများအကြား ရေပက်မ၀င်တဲ့ သွေးစည်းညီညွတ်မှုရှိဖို့ ပိုမိုလိုအပ်နေကြောင်း ဗကသဥက္ကဌကိုကျော်ကိုကိုမှ ပြောဆို.....(ဟာဂျူလီ-ကသာ)

ဟာဂျူလီ ကသာ added 5 new photos — with Cartoon Aungmaw. မှ ကူးယူဖော်ပြပါသည်။
16 hrs · Edited ·
လူထုနဲ့ ကျောင်းသားများအကြား ရေပက်မ၀င်တဲ့ သွေးစည်းညီညွတ်မှုရှိဖို့ ပိုမိုလိုအပ်နေကြောင်း ဗကသဥက္ကဌကိုကျော်ကိုကိုမှ ပြောဆို.....(ဟာဂျူလီ-ကသာ)
****************************
၃၊၂၊၁၅ရက်နေ့ ညနေပိုင်းက ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ခေတ္တစခန်းချရာ မကွေးမြို့၊ကပ်ကျော် ကမ္ဘာအေးစေတီကျောင်းကို ကိုယ်တိုင်သွားရောက်ပြီး ဗကသဥက္ကဌ ကိုကျော်ကိုကိုနှင့် တွေ့ဆုံ မေးမြန်း
ဖြစ်ခဲ့တာလေး ဖေါ်ပြပေးလိုက်ပါတယ်။
ဂျူ။ ။ဒီကနေ့မှာ အစိုးရအနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ရွှေ့ဆိုင်းခြင်းအပေါ် ကျောင်းသားထုရဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ ဗကသဥက္ကဌတစ်ယောက်အနေနဲ့ ကိုကျော်ကိုကို ဘာများပြောချင်ပါသလဲ..၊
ကျော်။ ။ကျွန်တော်အနေနဲ့ကတော့ ဒါဟာ ကျောင်းသားတွေကို လှည့်စားတယ်လို့မြင်တယ်၊ ကျောင်းသားတွေကို ဒီနေ့ ဆွေးနွေးဖို့ခေါ်ပြီး ဆွေးနွေးခွင့် မရဘဲ ပြန်လာခဲ့ရတယ်၊ သမ္မတရဲ့ အမိန့်အရ ဆိုပြီး
ဆွေးနွေးပွဲ ရွေ့တယ်ဆိုတာ ကျောင်းသားတွေကို သက်သက်မဲ့ ချိုးတာပဲဗျ၊စော်ကားတာပဲ၊နောက်ပြီး ၁၂ရက်နေ့နောက်ပိုင်း ရွေ့တယ်ဆိုဟာ သူတို့မှာ အကြံအစီ တစ်ခုခု ရှိရမယ်၊ အဲဒီအကြံအစီဟာလည်း
ကောင်းတဲ့ အကြံအစီ ဖြစ်ဖို့ မသေချာဘူး၊ ဘာလုပ်ဖို့လဲ၊ ၁၂ရက်နေ့ မတိုင်မှီ ကျောင်းသားထုကို ဖြိုခွဲဖို့လား၊ ကျွန်တော်တို့ကျောင်းသာထုအထဲကို ဒလံတွေထည့်ပြီး သွေးခွဲဖို့အချိန်ယူတာလား၊ ဒါဟာ ကျွန်တော်အကြောင်းမဲ့
ပြောတာ မဟုတ်ဘူး၊ ကျွန်တော်တို့ စစ်ကြောင်းထဲမှာ သပ်ရှိုပြီး ၀င်လာတာတွေကိုတွေ့ရတဲ့အတွက် ပြောတာ၊ မကြာခင်က ဖေါ်ထုတ်စရဖတစ်ယောက် ကျွန်တော်တို့ ကျောင်းသားထုထဲ သပ်ရှိုပြီး ၀င်လာတာတွေ ကျောင်းသားအယောင်ဆောင်တာတွေ
တွေ့ရတဲ့အတွက် အစိုးရအပေါ်မှာ သံသယဖြစ်စရာတွေ မြင်နေရတယ်၊ ဒီနေ့ ဒီရက် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အများကြီး ရှိတယ်၊ ကျွန်တော်ကတော့ အစိုးရကို မယုံကြည်ဘူး၊
ဂျူ။ ။ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ကိုလူထုတစ်ရပ်လုံးက စိတ်ဝင်စားရှိနေတယ်၊ဆွေးနွေပွဲအပေါ်မှာလည်း စိတ်ဝင်တစားရှိနေတယ်၊ အဲဒီလို အခြေအနေမျိုးမှာ ဆွေးနွေးပွဲသာ မအောင်မြင်ခဲ့ဘူးဆိုရင်
ကိုကျော်ကိုကိုတို့ အနေနဲ့ ဘာဆက်လုပ်မလဲ..၊
ကျော်။ ။ မအောင်မြင်ရင် ကျွန်တော်အနေနဲ့ အမြင့်ဆုံး ဖိအားတွေနဲ့ ဆက်လုပ်သွားမယ်၊ လူထုဟာ အခုဆို ကျွန်တော်တို့ အပေါ်မှာ ထောက်ခံအားပေးနေတယ်၊ ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုကလည်း
အမြင့်မားဆုံးကိုရောက်နေပြီ၊ ပင်မစစ်ကြောင်းဟာ မန္တလေးကနေ စပြီး ဒီကနေ့အထိ ချီတက်နေတယ် ဧရာဝတီ စစ်ကြောင်းက ကျွန်တော်နဲ့ အတူ ရှိနေတယ်၊၊ ပခုက္ကူစစ်ကြောင်းက ဆွေးနွေးပွဲကြောင့် ရပ်နားထားတယ်၊ ထားဝယ်စစ်ကြောင်းကိုလည်း
ရပ်နားထားပေးတယ်၊ အခုဆွေးနွေးပွဲ မအောင်မြင်ဘူးဆိုရင် ဒီစစ်ကြောင်းတွေဟာ ပေါင်းစည်းပြီး ဆက်စီးဆင်းလာမှာပဲ၊ ဒီစစ်ကြောင်းတွေ အားလုံး ရန်ကုန်မှာဆုံပြီး အားလုံးညှိနှိုင်းတိုင်ပင်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချမယ်၊ ကျွန်တော်တို့ကတော့
အမြင့်ဆုံး အစာငတ်ခံဆန္ဒပြဖို့ အသေခံဖို့ ၀န်လေးတဲ့ ကျောင်းသားတွေ ဒီအထဲမှာ တစ်ယောက်မှ မပါဘူး၊ကျွန်တော်တို့ လိုချင်တာရဖို့ နည်းလမ်းပေါင်းစုံသုံးပြီး မနိုင် နိုင်အောင် လုပ်စွားမှာပဲ ဖြစ်ပါတယ်၊
ဂျူ။ ။သူတို့ဖက်က အကြမ်းဖက်လာနိုင်တယ် ဆိုတာကိုရော ကိုကျော်ကိုကို တို့ဘက်က ကြိုတွေးပြီး အဲဒီအတွက် ကြိုပြင်ဆင်ထားတာမျိုးရော ရှိလား..၊
ကျော်။ ။ ဟုတ်ကဲ့၊ တောင်သာမှာလည်း သူတို့ အကြမ်းဖက်ဖို့ ကြံစီတာကို ကျွန်တော်တို့ ကြုံခဲ့ပြီးပါပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့အပေါ်မှာ လူထုက ကာကွယ်နေသမျှတော့ သူတို့ အကြမ်းဖက်ခဲ့မယ်ဆိုရင် သူတို့
ကျရှုံးရမှာပဲ၊ သူတို့အနေဲ့ လူထုနဲ့ ကျွန်တော်တို့ကို သွေးခွဲဖို့ ကြိုးစားလာမယ်လို့ ထင်တယ်၊ အဲဒီလို သွေကွဲရင်တော့ သူတို့ရဲ့ အကြံအစီဆိုးဟာ အောင်မြင်သွားနိုင်တယ်၊ အဲဒီလို သွေး ခွဲလို့ မရအောင် လူထုနဲ့ ကျွန်တော်တို့အကြားမှာ
ရေပက်မ၀င်တဲ့ သွေးစည်းညီညွတ်မှုရှိဖို့ ပိုမိုလိုအပ်နေတဲ့အတွက် ကျွန်တော်တို့ အဲဒါကို ဆောင်ရွက်နေတယ်၊ လူထုကို ကျွန်တော်တို့ ယုံကြည်တယ်၊ လုထုကလည်း ကျွန်တော်ကျောင်းသားတွေကို ယုံကြည်တယ်၊ မယုံကြည်ရတာကတော့
အစိုးရပဲဗျ၊ ဒီတော့ ပြောချင်တာက လူထုတွေ ကျွန်တော်တို့ကို ဆက်လက်ထောက်ခံအားပေးကြပါ၊သွေးခွဲတော့မယ်ဆိုတာလည်း ကြို မြင်ပေးကြပါလို့ ပြောထားချင်ပါတယ်..။
(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment