Monday, February 2, 2015

ကျောင်းသားအယောင်ဆောင်ကာ သက်ဆိုင်ရာကိုသတင်းပို့သူ(စရဖ) တစ်ဦးကို ရေနံချောင်းရဲစခန်းမှာ ကျောင်းသားတွေက အပ်လိုက်တယ် ။

ကျောင်းသားအယောင်ဆောင်ကာ သက်ဆိုင်ရာကိုသတင်းပို့သူ(စရဖ)
တစ်ဦးကို ရေနံချောင်းရဲစခန်းမှာ ကျောင်းသားတွေက အပ်လိုက်တယ် ။
=============================================
မိတ္ထီလာကျောင်းသားလို့ပြောပြီး ပုပ္ပါးကနေ သပိတ်မှောက်ကျောင်းသားတွေနဲ့
စတင်လိုက်လာတဲ့ ကိုပြည့်စုံဦးဟာ ကျောင်းသားအယောင်ဆောင်ထားတဲ့ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)က ဖြစ်တယ်လို့ ရေနံချောင်း မြို့နယ်က စခန်းမှူး
အောင်သန်းဝင်းက အတည်ပြုခဲ့ပါတယ်။

ကျောင်းသားသပိတ် အတွင်းရေးသတင်းတွေ ပေါက်ကြားနေလို့ မသင်္ကာတဲ့
ကျောင်းသားတစ်ဦးကိုတွေ့ပြီး သူ့ရဲ့လက်ကိုင်ဖုန်းကို သံဃာတော်တွေနဲ့
ကျောင်းသားတွေ စစ်ဆေးခဲ့တဲ့အခါမှာတော့ အာဏာပိုင်တွေကို သတင်းပို့ထား
တာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ စရဖတစ်ဦးဖြစ်တဲ့အကြောင်း
ဝန်ခံခဲ့တာမို့ မြို့မရဲစခန်းကို သွားရောက်အပ်နှံခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးက ကိုရဲရင့်ကျော်က ပြောပါတယ်။
ကျောင်းသားတွေကြား သပ်လျှိုသွေးခွဲမှု၊ ဝါဒဖြန့်ချိမှုတွေ လုပ်လာနိုင်တာကြောင့်
အယောင်ဆောင်ပြီး သတင်းယူတဲ့ကိစ္စကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်လို့
ဆိုပါတယ်။
သတင်း-Kamayut Media.
ဓါတ်ပုံ-San Nyein Oo.

0 comments:

Post a Comment