Monday, February 23, 2015

ကျေးလက်လူငယ်စွမ်းဆောင်ရည်မြင့် တင် ရေးဆင့်ပွားသင်တန်းဖွင့်


မြို့သစ်ဖေဖော်ဝါရီ  ၂၃
             မကွေးခရိုင် မြို့သစ်မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကကျေးလက်  လူငယ်စွမ်းဆောင်ရည်မြှင့်
တင်ရေးဆင့်ပွားသင်တန်းကိုမြို့နယ်ကျေး
လကိဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရုံးအစည်းအဝေးခန်းတွင်ဖေဖော်ဝါရီလ
၂၃ရက်နေ့ နံ နက် ၁၀  နာရီအချိန်က  ကျင်း
ပပြုလပ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်ကျေးလက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်
ဦးစီးမှုးဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်
ရခြင်းနှင့်ပတ်သက်၍ ကျေးရွာတိုင်း ကျေး
လက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက်
သင်တန်းသားများသိစေလိုသည့် အချက်
များကိုရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။

          ဆက်လက်မြို့နယ်လျှပ်စစ်အင်ဂျင်
နီယာမှုးဦးမောင်မောင်ဦး မြို့နယ်မွေးမြူး
ရေးနှင့်ကုသရေးဆိုင်ရာဦးစီးအရာရှိ
ဒေါက်တာရဲနန္ဒ  တို့ က လမ်း  တံတား
မီးလင်းရေး  နှင့်မွေးမြူရေး/ကုသရေးဆိုင်ရာလုပ်ငန်း
များကိုအသီးသီးဆွေးနွေးမှာကြားခဲ့သည်။

            အဆိုပါသင်တန်းကို  ကျေးရွာပေါင်း
၅၃  ရွာမှ သင်းတန်းသားသင်တန်းသူစုစု
ပေါင်း( ၅၃ )ဦးတက်ရောက်ခဲ့ကြောင်းသိရ
သည်။
ဇော်ဇော်(မြို့သစ်)

0 comments:

Post a Comment