Friday, February 20, 2015

ရေစကြိုမြို့၊ မြို့မဈေးကြီးအရံမီးသတ်တပ်ဖွဲ့မီးကင်ဖွင့်လှစ်




ရေစကြို   -   ဖေဖော်ဝါရီ   -   ၁၉
          မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့၊ မြို့မဈေးအရံမီးသတ်တပ်ဖွဲ့ မီးကင်ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက်
၊ညနေ(၄)နာရီတွင်အဆိုပါဈေးကြီး၌ပြုလုပ်ရာမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင့်ဆွေကအဖွင့်အမှာစကား
ပြောကြားသည်။
          ထို့နောက်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကော်မတီမှဦးမြင့်သိန်းကမြို့နယ်မီးဘေးကြိုတင်
ကာကွယ်ရေးစီမံချက်များကိုရှင်းလင်းပြောကြားသည်။ဆက်လက်၍မြို့နယ်မီးသတ်တပ်ဖွဲ့မှူးဦးညီညီအောင်
ကမြို့မဈေးကြီးအရံမီးသတ်တပ်ဖွဲ့မီးကင်းဖွင့်ပွဲတွင်မီးငြိမ်းသတ်နည်းများအားရှင်းလင်းပြောကြားခဲ့သည်။
          ယင်းနောက်မြို့မဈေးကော်မတီဥက္ကဌဦးအောင်သူကမီးသတ်ကားယာဉ်ပြုပြင်ကုန်ကျစရိတ်များ
ကိုရှင်းလင်းပြောကြားပြီး၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များကမြို့မဈေးကြီးအရံမီးသတ်တပ်ဖွဲ့ဝင်များ
နှင့်ဈေးကြီးလုံခြုံရေးတပ်ဖွဲ့ဝင်များမီးသတ်ကားယာဉ်များဖြင့်အစမ်းသရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း
သိရသည်။
 ဇော်ဝင်းမောင်(ရေစကြို)
         

0 comments:

Post a Comment