Thursday, February 5, 2015

ချောက်မြို့ နယ်တွင်အသိပညာပေးလုပ်ငန်း များဆောင်ရွက်




ချောက်     ဖေဖော်ဝါရီ  ၅  ရက်
     (၆၈ )နှစ်မြောက်ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့်နံရံကပ် စာစောင် ဓာတ်ပုံပြပွဲ စာအုပ်ပြပွဲများကို မကွေးတိုင်း ဒေသကြီး ချောက်မြို့ နယ် အလက(၂ ) ထခွဲ အေးစေတီကျောင်းခန်းမ ၌ယနေ့ နေ့ လယ် ၁၂ နာရီအချိန် ကျင်းပသည်။

      အဆိုပါအသိပညာပေးလုပ်ငန်းများ ကျောင်းများ၌ပြုလုပ်ပေးရခြင်းမှာ ယနေ့ လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား/သူ လူငယ်များ အသိပညာ ဗဟုသုတကြွယ်ဝပြည့်စုံစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းခြစ်ကြောင်း မြို့ နယ်ပြ န်/ဆက်ဦးစီးဌာန ဦးစီးမှူးကရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ/စာအုပ်ပြပွဲ ကိုဆရာ/ဆရာမ များ ကျောင်းသား/သူ (၃၀၀ )ကျော် စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

         ဦးဝင်းဌေး( ချောက်)

0 comments:

Post a Comment