
မကွေးတိုင်းဒေသကြီး၊
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲ
ကျင်းပရေးကော်မတီမှ ဦးဆောင်ကျင်းပသော ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲအား
၂ ၊ ၂ ၊ ၂၀၁၅ ခုနှစ် တနင်္လာနေ့ နံနက် ၉ နာအချိန်ခန့်၌ နတ်မောက်မြို့
ဆုတောင်းပြည့်ကျောင်းအတွင်းရှိ ဇာနည်မြေမျိုးဆက် ပညာ့ပန်းခင်း
အခမဲ့ပညာသင်ကျောင်းဆောင်တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း
ရာပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲတွင်
တောင်တွင်းကြီးမြို့မှ တတိယတန်းကျောင်းသားငယ် မောင်ထက်မိုးယံဦးပထမဆုရရှိသွားသိရသည်။
ပြိုင်ပွဲဝင်ကျောင်းသားဆယ်ဦးပါဝင်ယှဉ်ပြိုင်သော အဆိုပါပြိုင်ပွဲတွင်
နတ်မောက်မြို့နယ်အတွင်းမှကျောင်းသားရှစ်ဦး၊ မြို့သစ်မြို့နယ်မှ
ကျောင်းသားတစ်ဦးနှင့် တောင်တွင်းကြီးမြို့နယ်မှ ကျောင်းသားတစ်ဦးအသီးသီယှဉ်ပြိုင်ကြောင်းသိရသည်။
ပြိုင်ပွဲတွင်ပထမဆုကို တောင်တွင်းကြီးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲမှ
တတိယတန်းကျောင်းသား မောင်ထက်မိုးယံဦး၊ ဒုတိယဆုအား နတ်မောက်မြို့
တမာပင်မူလွန်ကျောင်းမှ ပဉ္စမတန်းကျောင်းသား မောင်ရဲရင့်နေမျိုးနှင့် တတိယဆုကို
နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ပဉ္စမတန်းကျောင်းသား
မောင်ထက်မြတ်သာ တို့ရှိသွားကြောင်းသိရသည်။
အဆိုပါဆုရကျောင်းသားများအား ဖေဖော်ဝါရီလ ၇ ရက် ညရှစ်နာအချိန်တွင်
ရာပြည့်ကွင်းကြီးအတွင်းရှိ စင်မြင့်ထက်၌ ဆုပေးပွဲပြုလုပ်မည်ဖြစ်ပြီး
ဆုရကျောင်းသားသုံးဦးမှလည်း မိမိတို့ယှဉ်ပြိုင်ခဲ့သော မိန့်ခွန်းအား
ပြည်သူအများနားဆင်နိုင်ရန် ပြန်လည်ပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)
0 comments:
Post a Comment