စေတုတ္တရာ ဖေဖော်ဝါရီ ၁
စေတုတ္တရာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်၍ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဗိုလ်ချုပ်မွေးနေ့အကြို စာစီစာကုံး ပန်းချီ ကဗျာ ကျပန်းစကားပြောပြိုင်ပွဲ များကို အခြေခံပညာကျောင်းများအလိုက် ကျင်းပမည်ဖြစ် သည်။ ဖေဖော်ဝါရီလ ၁၃ ရက်ဗိုလ်ချုပ်မွေးနေ့တွင် မြို့နယ်အားကစားကွင်းအတွင်း ဗိုလ်ချုပ် ဂုဏ်ပြုဟောပြောပွဲများ မြို့နယ်အဆင့် ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ အားကစားပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို တနေ့လုံး ကျင်းပမည်ဖြစ် သည်။
နံနက် ၁၀၃၀ တွင် မြို့နယ်ထွေအုပ်ခန်းမ၌ ဗိုလ်ချုပ်အားရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်းပြီး ညနေ ၃ နာရီတွင် ဆုပေးပွဲအခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
နေမျိုးပိုင်
0 comments:
Post a Comment