ငဖဲ ဖေဖော်ဝါရီ
၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်
မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၈း၀၀ နာရီက ငဖဲမြို့
အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ဗိုလ်ချုပ်အောင်ဆန်း
ရာပြည့်မွေးနေ့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး
ဒေါက်တာဇော်အောင်မှ မြန်မာနိုင်ငံကလေးများနေ့ အကြောင်း ဖြစ်ပေါ်လာပုံနှင့် ကလေးသူငယ်ဆိုင်ရာ
ဥပဒေအကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့နှင့်
မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် စာစီစာကုံး ၊ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းအဆင့်၊
အလယ်တန်းအဆင့် ဆုရကျောင်းသား/သူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊
လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား
(၄၅၀)ဦးတက်ရောက်ခဲ့ကြပြီးမြို့နယ်ပြန်/ဆက်ဦးစီးဌာနမှခင်းကျင်းပြသထားသော
ဗိုလ်ချုပ်
အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဓါတ်ပုံပြပွဲနှင့်
နံရံကပ်စာဆောင်များကို (၁၁-၂-၂၀၁၅) ရက်နေ့မှ ( ၁၃-၂-၂၀၁၅ )ထိ ပြသဆောင်ရွက်ထားကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment