ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးဦးနေရှင်းနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့
ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင် တို့သည် ပွင့်ဖြူမြို့တွင်းလမ်းဖြစ်သော သန့်စင်လမ်းအား
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်း
ဆောင်ရွက်ထားရှိမှုအား ဖေဖော်ဝါရီ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကတ္တရာထပ်ပိုးခင်းခြင်းလုပ်ငန်းအား
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အဖွဲ့ရန်ပုံငွေအဖြစ် ဆောင်ရွက်ထားသော သန့်စင်လမ်း လမ်းချဲ့ခြင်းလုပ်ငန်းအား တစ်ဖက်တွင်(၆)ပေ စီချဲ့၍
လမ်းအရှည်ပေ (၁၃၀၀)နှင့် အကျယ်(၂၄)ပေရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု
အခြေအနေများအား အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးတို့မှ
အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment