Monday, February 9, 2015

မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ကျင်းပသော ပညာရှင်အဆင့်(၄)ရာထူးတိုးစာမေးပွဲ ဖြေဆိုဆောင်ရွက်



မကွေး     ဖေဖော်ဝါရီ     
          မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ကျင်းပဆောင်ရွက်သော ပညာရှင်အဆင့်(၄) ရာထူးတိုးစာမေးပွဲ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ဖြေဆိုဆောင်ရွက်ခဲ့သည်။

          အဆိုပါ ရာထူးတိုးစာမေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ စာရေးအဆင့်(၃) လက်ထောက်ကြီးကြပ် ရေးမှူး၊ဒုဦးစီးမှူးများက ဦးစီးအရာရှိအဆင့်သို့လည်းကောင်း၊လက်ထောက်မြို့နယ်ပညာရေးမှူးများက ဒုတိယမြို့နယ်ပညာရေးမှူး အဆင့်သို့လည်းကောင်း၊အထက်တန်းပြ ဆရာ/ဆရာမများက  အလယ်တန်း ကျောင်းအုပ်ရာထူး အဆင့်များသို့ ဖြေဆိုနိုင်ရန် အထက်တန်းပြ ဆရာ/ဆရာမများ၊ လက်ထောက် ပညာရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်ပညာရေးကောလိပ်မှနည်းပြများ စုစုပေါင်း(၇၈၉)ဦး ပညာရှင်အဆင့် (၄) ရာထူးတိုးရေးဖြေစာမေးပွဲသို့လာရောက်ဖြေဆိုခဲ့ကြပြီး၊  လူတွေ့နှုတ်ဖြေစာမေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့နှင့် ၉ ရက် နေ့များတွင် ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment