Saturday, February 14, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွင့်ဖြူ တွင် ကျင်းပ




ပွင့် ဖြူ           ဖေဖေါ်ဝါရီ             ၁၁
              မင်းဘူးခရိုင်၊ပွင့်ဖြူမြို့ နယ် တွင် (၆၈) နှစ်မြောက် ပြည်ထောင်စု ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေလှေ ကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာတွင်  ကျင်းပဆောင်ရွက်သည့်  ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်၊ ပွင့်ဖြူမြို့နယ်အတွင်း မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ ခွင့်ပြုငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသည့်  ချွန်းစု-ဂါတ်ကုန်း- ရိုးကုန်းကျေးရွာချင်းဆက်လမ်းဖွင့်ပွဲ ကို ဖေဖေါ်ဝါရီ လ ၁၁ ရက် နံနက် (၉)နာရီ က  အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ က အမှာစကားပြောကြား၍ မြို့နယ် အထောက်အကူပြု အဖွဲ့ ဥက္ကဌ ဦးဖိုးပါ က လမ်းနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပြှီး တာဝန်ခံအင်ဂျင်နီယာ ဦးအောင်လင်းက လမ်းအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ နှင့် ပက်သက်၍ ရှင်းလင်း တင်ပြကာ  မရိုးကုန်းကျေးရွာ ပြည်သူ ဦးဇော်ဦး က  ကျေးဇူးတင်စကားပြေားကြားသည်။

           ဆက်လက်၍  မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်ဖွံ့ထောက် ဥက္ကဌ ၊မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှု့ဆောင်အရာရှိ တို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ရာ  ယခုလမ်းသည် ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံ ငွေ မှ ကျပ်  (၈) သန်း အကုန်ကျ ခံကာ မြေနီ ကျောက်စရစ် လမ်း အား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး  ကျေးရွာချင်းဆက်လမ်း ဖြစ်၍ ပြည်သူများ၏ လမ်းပမ်းဆက်သွယ်မှု မှာ အခက် အခဲ ဖြစ်နေမှု့ကို အဆင်ပြေချောမွေ့ သွား၍ ဝမ်းသာ လျက်ရှိကြောင်း သိရှိရသည်။

                                                                                                မေသန္တာအောင်(ပွင့်ဖြူ)

0 comments:

Post a Comment