မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်၍
အမျိုးသားပညာရေးဥပဒေမူကြမ်းအား ဆန့်ကျင်ဆန္ဒပြနေသော သပိတ်မှောက်ကျောင်းသူ၊
ကျောင်းသားများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်
သစ်ရာကောက်ကျေးရွာသို့ ၄ ၊ ၂ ၊ ၂၀၁၅နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်
ရောက်ရှိလာ၍ သစ်ရာကောက်ကျေးရွာ အောင်သိဒ္ဓိဘုရားရင်ပြင်တော်တွင်
တစ်ညတာအိပ်စက်အနားယူကြောင်းသိ ရသည်။ သစ်ရာကောက်ကျေးရွာမှတစ်ဆင့်
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီ ခွဲ ခန့်တွင် တောင်တွင်းကြီးမြို့နယ်
ကုက္ကိုခွကျေးရွာသို့ဆက်လက်ချီ တက်လာရာ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်
ရောက်ရှိပြီး ဇေယျသိဒ္ဓိကျောင်းတိုက်တွင် နေ့လည်စာ စားသုံးပြီး
ခေတ္တအနားယူကြောင်းသိရသည်။ အဆိုပါသပိတ်မှောက်ကျောင်းသားများသည် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် တောင်တွင်းကြီးမြို့သို့ထွက်ခွာ လာရာ မကွေးလမ်းမကြီးဘေး ၀ဲယာရှိကျေးရွာများမှ ဒေသခံပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ည ၆ နာရီ ၄၀ မိနစ်တွင် တောင်တွင်းကြီးမြို့သို့ အေးချမ်းစွာရောက်ရှိလာကြောင်းသိ
အဆိုပါကျောင်းသားများအား တောင်တွင်းကြီးမြို့အ၀င်မုဒ်ဦး မှစ၍
မြို့လယ်လမ်းလေးဆုံအထိ မြို့လုံးကျွတ်ပြည်သူများ
လက်ခုပ်များတီး၍သော်လည်းကောင်း၊ အိုးစည် ဒိုးပတ်များတီးမှုတ်ကခုန်ကာ
ကြိုဆိုကြောင်းသိရသည်။ တောင်တွင်းကြီးမြို့သို့ ညအိပ်
နားခိုရန်ရောက်ရှိလာသော ဆန္ဒပြကျောင်းသားများအား
အမှတ်(၂)အခြေခံပညာအထက်တန်းကျော င်း၏ အရှေ့ဘက်ရှိ ငါးဆင့် ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ညစာဖြင့်ဧည့်ခံကျွေးမွေးပြီး နှစ်ခြိုက်စွာအိပ်စက်အနားယူကြော င်းသိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် သပိတ်မှောက်ကျောင်းသားများသည် တောင်တွင်းကြီးမြို့၏တောင်ဘက် ဆယ်မိုင်ခန့်ဝေးသော ဆတ်သွားကျေးရွာသို့ဆက်လက်ချီတက်
သပိတ်မှောက်ကျောင်းသားများသည် ဆတ်သွားတိုက်နယ် ပေါ်တော်မူဆုတောင်းပြည့်ဘုရားကြီ
ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်ပိုင်းတွင် ဆတ်သွားမှ တစ်ဆင့် ကိုးပင်ကျေးရွာနှင့် အောင်လံမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းသိ
အေကေကေ(တောင်တွင်း)
0 comments:
Post a Comment