Saturday, February 7, 2015

မူကြိုကလေးငယ်များအား ပျော်ပွဲရွင်ပွဲများနှင့် မြို့တွင်းလေ့လာရေး ပို့ဆောင်ပေး




မကွေး     ဖေဖော်ဝါရီ     
          မြန်မာကလေးများနေ့ အကြိုလှုပ်ရှားအဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မကွေးမူလတန်းကြိုကျောင်းမှ ကလေးငယ်များပျော်ရွှင်မှုရရှိစေရန်၊ ပြင်ပဗဟုသုတများရရှိစေရန်၊စုပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ရည်ရွယ်၍ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာ/ဆရာမများက ဦးဆောင်ကာ ဖေဖော်ဝါရီ (၂ )ရက်နေ့တွင် ကျောင်းအတွင်း ပျော်ပွဲရွှင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး(၃)ရက်နေ့တွင် မကွေးမြသလွန်စေတီမြတ်သို့ ဘုရားဖူးပို့ဆောင်ပေးခဲ့သည်။

          ဆက်လက်၍  ဖေဖော်ဝါရီ (၄)ရက်နေ့တွင် ကလေးငယ်များနှင့်မိဘများပါတက်ရောက်၍ မိဘအသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး (၅)ရက်နေ့တွင် ဗိုလ်ချုပ်ပန်းခြံသို့ လေ့လာရေးခရီး ပို့ဆောင်ပေးခြင်းနှင့်(၆)ရက်နေ့တွင်  မကွေးမြို့ ထိန်ထိန်သာ ကစားကွင်းနှင့် ကောင်းမွန်ကစားကွင်းများသို့ ပို့ဆောင်ပေးခဲ့ပြီး ကလေးငယ်များအား ပျော်ရွှင်ဖွယ်ရာစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment