Monday, February 23, 2015

ရေနံချောင်းတွင် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မည်ဆို



ရေနံချောင်း      ဖေဖော်ဝါရီ ၂၃
 
                   မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့သည် ပထ၀ီအနေအထားအရ စိုက်ပျိုးမြေရှားပါးသောမြို့ဖြစ် သည်။ ရေနံမြေ၊ ခြောက်တောမြေ တောင်ကုန်းမြေနှင့် မြေသြဇာမကောင်းသော မြေများသာရှိပြီး၊ ဧရာဝတီမြစ်ရေ ကျချိန်တွင် ပေါ်ထွန်းလာသော မြေနုကျွန်းများကိုသာ မှီခိုအားပြု၍ စိုက်ပျိုးလုပ်ကိုင်ရပါသည်။

                   ရေနံချောင်းမြို့တွင် ကွင်းအမှတ် ၁၁(က)နှင့် ၁၁(ခ)ဟူ၍ စိုက်ကွင်ကြီး နှစ်ကွင်းရှိပါသည်။ ယင်းစိုက်ကွင်းနှစ်ကွင်းတွင်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြပါသည်။ 

ထိုစိုက်ကွင်းနှစ်ကွင်းတွင် စိုက်ပျိုးရေးလုပ်ငန်းသာမကဘဲ အုတ်လုပ်ငန်းကိုလည်း နိုင်ငံတော်မှ တတ်မှတ်မူဘောင်များနှင့်အညီ လုပ်ကိုင်ခွင့် ချထားပေးပါသည်။ ကွင်းအမှတ် ၁၁(က)နှင့် ၁၁(ခ)တို့တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် အုတ်လုပ်ငန်းကို နှစ်မျိုးစလုံး လုပ်ကိုင်ခွင့်ချထားပေးသဖြင့် ဥပဒေချိုးဖောက်မှုများ ပေါ်ပေါက်လာရပါသည်။ အဲဒါကတော့ ရေနံချောင်းမြို့ရှိ အုတ်လုပ်ငန်းရှင်အချို့သည် သက်ဆိုင်ရာမှတရားဝင်ခွင့်ပြုထားသော နေရာတွင်မဟုတ်ဘဲ တားမြစ်နယ်မြေ ဖြစ်သောပုံစံ (၇) ကျပြီးမြေကွက်များကို တရားမ၀င်အုတ်လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

                   စိုက်ပျိုးရေးတောင်သူတစ်ဦးမှပြောကြားရာမှာ  ပုံစံ(၇)ကျပြီး စိုက်ပျိုးမြေတွေကို တရားမ၀င်တဲ့ အုတ်လုပ်ငန်းလုပ်မယ်ဆိုရင်၊ ဧရာဝတီမြစ်ရေတိုက်စားလို့ ကမ်းပါးပြိုပြီး စိုက်ပျိုးမြေဆုံးရှုံးရတာရယ် ၊ တရားမ၀င်တဲ့ အုတ်ဖုတ်လုပ်ငန်းကြောင့် စိုက်ပျိုးမြေဆုံးရှုံးရတာရယ်၊ ဒီအကြောင်းနှစ်ခုကြောင့် တောင်သူတွေလုပ်ကိုင်စားစရာ မြေမကျန်တော့ဘဲ ဘ၀ပျက်တော့မှာသေချာတယ်    လို့  ရင်ဖွင့်ပြောကြားပါတယ်။

                   ဒါ့ကြောင့်တရားဥပဒေကိုချိုးဖောက်ပြီး၊  စိုက်ပျိုးရေးအတွက်သာ လုပ်ကိုင်ခွင့်ပြုထားသည့်မြေ တွေကို အုတ်လုပ်ငန်းလုပ်ကိုင်နေသည့် အုတ်လုပ်ငန်းရှင်များကို တည်ဆဲတရားဥပဒေအရ တားဆီးအရေးယူ ဆောင်ရွက်ပေးပါရန် စိုက်ပျိုးရေးတောင်သူများမှ တင်ပြပါသည်။

                   ရေနံချောင်းမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တရားမ၀င်အုတ်လုပ်ငန်း လုပ်ကိုင်နေသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက တရားဝင်ခွင့်ပြုချက်တင်၍ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်  မှုပြုလုပ်သွားမည်ဖြစ်ကြောင်း မြေနုကျွန်းစိုက်ပျိုးရေးတောင်သူများမှ ရင်ဖွင့်ပြောဆိုနေကြသည်။

    မြေနုကျွန်းတောင်သူများ

0 comments:

Post a Comment