Tuesday, February 10, 2015

မင်းလှမြို့နယ်ဆီခြံလုပ်ငန်းရှင်များအသင်း ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး




   မင်းလှ ဖေဖော်ဝါရီ  ၁၀  

         မကွေးတိုင်းဒေသကြီး  မင်းလှမြို့နယ် ဆီခြံလုပ်ငန်းရှင်များအသင်း ရုံးခန်းတွင် ဆီခြံလုပ်ငန်းရှင်များ လက်ရှိလုပ်ဆောင်နေသောလုပ်  
ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ဒီဇင်ဘာ(၈)ရက်နေ့တွင်ညှိနိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။  

         ဆွေးနွေးပွဲ၌ မြို့နယ်ဆီခြံလုပ်ငန်းရှင်များအသင်း ဥက္ကဠ ဦးစိုးမြင်နှင့် အတွင်းရေးမှုးဦးကြည်ဌေးမှ အမှာစကားပြောကြားပြီး တိုင်းဒေသ
ကြီးအဖွဲ့၏ အကြောင်းကြားစာ(၂)စောင်အား ဖတ်ပြရှင်းလင်း၍ မြို့နယ်လက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအသင်းမှ ငွေကျပ်သိန်း(၁၀၀)ကုန်ကျခံ
 ဆောက်လုပ်လူုဒါန်းထားသောအပ္ပမာဓနာရေးကူညီမှု့အသင်းရုံးလွှဲပြောင်းအပ်နှံရေစက်ချပွဲနှင့်
ပတ်သတ်၍ဆွေးနွေးခြင်းများပြုလုပ်ကာဆီဈေးကွက်တွင်လုပ်ငန်းနှင့်ပတ်သတ်၍အချိန်အတွယ်
ညီမျှရေးဈေးကွက်တည်ငြိမ်ရေးများကိုဦးအောင်မိုးမှညှိနှုင်းဆွေးနွေးပြီလုပ်ငန်းရှင်များအကျိုးစီးပွားဖြစ်
ထွန်းရေးအတွက် ဦးစွာ အလုပ် လုပ်သင့်ကြောင်း စည်းကမ်းမဲ့ဝယ်ယူသော ကားများအား စနစ်တကျ ဦးဆောင်ဖြေရှင်းရေးများကိုဦးစောနိုင်ဦးမှ တင်ပြခဲ့ကြောင်း သိရသည်။  

        ဆက်လက်၍ မြို့နယ်ဆီခြံလုပ်ငန်းရှင်များအသင်းမှ ရေနံဈေးနှုန်းကျဆင်းနေသဖြင့်
 ရေနံဈေးနှုန်းကျဆင်းနေသဖြင့် ကုန်သွယ်ခွန် များ
လျှော့ချနိုင်ရေးအခွန်ဦးစီးဌာနကို တင်ပြထားကြောင်း၊လုပ်ငန်းရှင်များ ညီညွတ်ရေးအတွက် ဦးစွာဆောင်ရွက်ရန် ဒေသခံအစိုးရအဖွဲ့နှင့်နှစ်ဦး နှစ်
ဖက်အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ရန် ဦးစွာမြို့နယ်အသင်းဝင်အားလုံး ညီညွတ်ရေး အချိန်အတွယ်ညီညာစွာသတ်မှတ်ရေး မျောဈေးညီညာ
စွာသတ်မှတ်ရေး သတ်မှတ်ထားသောနေရာတွင်မဝယ်ဘဲ စည်းကမ်းမဲ့ဝယ်ယူသောကားများအား ကြပ်မတ်ဆောင်ရွက်ရေး မျောစစ်အဖွဲ့ထားရှိရေး
ရံပုံငွေရရေး လမ်းဘေးဂိတ်မှ မုံရွာ- ကျောက်ကာအထိ ဂိတ်များစရိတ်စခ လျှော့ရေး
 နိုင်ငံတော်အခွန်ခငွေ တိုင်းဖောင်ဒေးရှင်းငွေ သက်သာရေး  
တိုင်းနှင့်မြို့နယ် ဆွေးနွေးပြီးမှပူးပေါင်းဆောင်ရွက်ရန်နှင့်တက်ရောက်လာသည့်လုပ်ငန်းရှင်များ တစ်ဦး ဂုဏ်သိက္ခာ တစ်ဦးထိန်းသိမ်းပြီး လုပ်ငန်း
အကျိုးရှိရန်ဆောင်ရွက်သွားရန် စသည့်အချက်များ ကိုအတွင်းရေးမှုး ဦးကြည်ဌေးမှညှိနှုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။  

         မြို့နယ်လက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအဖွဲ့ တရားဝင် အသုံးစရိတ်မျာကိုလည်းညှိနှိုင်းဆွေးနွေးရာ ဥက္ကဌနှင့်အတွင်းရေးမှုးမှ ငွေ  
ကျပ်(၂)သိန်း ရုံးအဖွဲ့စာရွက်စာတမ်းအသုံးပြုနိုင်ရန် (၃)သောင်းကျပ် မြို့နယ် EC အဖွဲ့ (၁၅)သိန်းသတ်မှတ်၍ (၁၅)သိန်းထက်ကျော်လွန်သုံးစွဲမည် ဆိုလျင်တမြို့နယ်လုံးရှိရေနလက်ယက်တွင်းတိမ်ံလုပ်ငန်းရှင်များအားအစည်းအဝေးခေါ်ယူ၍
အသိပေးလုပ်ဆောင်မည်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချခဲ့ကြောင်းသိရသည်။

မင်းထီး(ရေနံမ)
         
  



0 comments:

Post a Comment