Monday, February 23, 2015

မကွေး အ.ထက (၁)မှ ဆရာကြီးဦးနေဝင်းသည် ၁၇.၂.၂၀၁၅ က မကွေးပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသ၍ ကျန်မာရေးလည်း အထူးကောင်းမွန်

Thiz Za Na added 10 new photos — with Carp Kyaw and 49 others. မှ ကူးယူဖော်ပြပါသည်။
2 hrs ·
ဝမ်းမြောက်ဖွယ်
မကွေး အ.ထက (၁)မှ ဆရာကြီးဦးနေဝင်းသည်
၁၆.၂.၂၀၁၅ နေ့က မကွေးပြည်သူ့ဆေးရုံကြီးတွင်
ခွဲစိတ်ကုသရန် တက်ရောက်ခဲ့ပါသည်။

၁၇.၂.၂၀၁၅တွင် စိုးရိမ်ဖွယ်မရှိပဲ နိုင်ငံခြားသမားတော်နှင့် ပြည်သူ့ဆေးရုံကြီးမှ သမားတော်များ ဝန်ထမ်း များတို့ဖြင့် အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါသည်။ခွဲစိတ်ပြီး သုံးရက်အတွင်း၌ ဆရာကြီးကျန်မာရေးအတွက် အားရကျေနပ်မှု မရှိခဲ့သော်လည်း ယခုအခါတွင် ရေ၊အချိုရည်၊ အိုဗာတင်း၊ဟောလစ်၊ စွတ်ပြုတ်၊ဆန်ပြုတ်စသော အရည်များနှင့် အစာပျော့တို့ကို စိတ်တိုင်းကျ သုံးဆောင်လို့ရပါပြီ၊
ဆရာကြီး၏ ကျန်မာရေးလည်း အထူးကောင်းမွန်လာပါပြီ။ 


အခုလိုအချိန်တိုတွင်း၌ အထူးကောင်းမွန်လာအောင်
စေသနာသက်သက်ဖြင့်(ပစ္စည်းကိရိယာနှင့် ခွဲစိတ်မှုသုံးရန် ကုန်ကျမှု၇သိန်းနီးပါး ကုန်ကျမှုတို့ကို မယူဆောင်ပဲ) ဆောင်ရွက်ပေးကြသော
နိုင်ငံခြားသမားတော်ကြီးနှင့်၊ မကွေးပြည့်ဆေးရုံကြီးမှ
သမားတော်များ၊ ဆေးရုံဝန်ထမ်းများကို အထူးကျေးဇူးတင်ပါသည်။ မကွေးအ.ထက(၁)၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဆရာကြီးဦးနေဝင်း၏ ကျန်ရေးအတွက်(၅၀၀၀၀)ကျပ်၊ မကွေး အ.ထ.က(၁) ၈၇/၈၈ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်းသား/သူများမှ ဆရာကြီး၏ ကျန်းမာရေးအတွက် (၁၀၀၀၀၀)ကျပ်၊ ရဲကျောင်း ကျောင်းသား/သူဟောင်းများမှလည်း ဆရာကြီးအား ပစ္စည်းအား၊ငွေအား၊လူအားတို့ဖြင့် ကန်တော့မှုများ၊ ဆရာကြီးနှင့် လုပ်ဖော်ကိုင်ဖက် ပညာရေးမိတ်ဆွေများမှလည်း လိုအပ်သည့်အရာများကို လိုလိုလားလား ကူညီထောင့်ပံ့မှုများကိုလည်း ဆရာကြီးနှင့် မကွေးမြို့ အ.ထ.က(၁) ကျောင်းသားဟောင်းများ ကိုယ်စား အထူးပဲ ကျေးဇူးပါသည်။ 


ဒါ့ကြောင့် အခုလိုအချိန်အခါမျိုးမှာ ဆရာကြီး၏ ကျေးဇူးကို သိတတ်သော တပည့်များသည် ဆရာကြီးကျန်းမာရေးအတွက် ဘက်စုံထောင့်စုံမှ လိုအပ်မှု မရှိအောင် ဝိုင်းဝန်းပံ့ပိုးခြင်းတွေ ကန်တော့ခြင်းတွေဟာ ဝမ်းမြောက်ဖွယ်ရာ ပုံရိပ်တွေပါပဲလို့ ပြောလိုက်ချင်ပါတယ်။ 


ဆရာကြီးရဲ့ တပည့်
(၈၈ ၊ ၈တန်း ကျောင်းသား)
သာကီနွယ်သွေး
၂၃.၂.၂၀၁၅

0 comments:

Post a Comment